5.5

3.7K 189 6
                                    

<Unicode>
ဝမ်ရှောင်းယွမ်ရဲ့ အပြောကြောင့် ရှောင်လင်းမေ ပါးစပ်ထဲယင်ကောင်ဥလာဥရင်တောင် ‌ရလောက်တဲ့အထိ ပါးစပ်ဟပြီး အံ့ဩသွားသည်။

မင်းကြီးနောက်ကလိုက်လာတဲ့ ရဲမက် အစေခံတွေနဲ့ ကုန်းကုန်း ကတော့ မရီမိအောင် ထိန်းနေကြသည် လွယ်တော့မလွယ်

"ဘူး!!!.."

ကုန်းကုန်းမရီမိအောင်ထိန်းနေရင်း မင်းကြီးကိုကြည့်လိုက်တော့ နှုတ်ခမ်းဆူကာ ရှောင်လင်းမေကို ကြည့်နေတဲ့ပုံက သူ့မုန့်ကို လာမလုနဲ့ဆိုတဲ့စတိုင်နဲ့ ကုန်းကုန်းလည်းမင်းကြီးရဲ့ ချစ်ဖို့ကောင်းတဲ့အမူအယာကြောင့် ပါးစပ်ကထိန်းပေမဲ့ အောက်အပေါက်က မထိန်းနိုင်ဘဲ အသံထွက်သွားလေသည်။

"ဟားဟား ကုန်းကုန်းကြီး အီးပေါက်တယ် ကိုကို ကြားလိုက်လား ဘူး!!တဲ့ အကျယ်ကြီးဘဲ ဟား.ဟား ကုန်းကုန်းကြီး အီးပေါက်တယ်"

ဝမ်ရှောင်းယွမ် လည်းကလေးအလိုကျ

" ကြားလိုက်တယ် အကျယ်ကြီးဘဲ ဘယ်ကတည်းကစုထားလဲမသိဘူး "

လင်အာနဲ့ မင်းကြီးအပြောကြောင့် မရီမိအောင်ထိန်းထားကြတဲ့လူတွေကလည်း မထိန်းနိုင်တော့ဘဲ အကုန် ရီကြတော့သည်။

အရီခံရတဲ့ ကုန်းကုန်းကတော့ မျက်နှာရဲရဲနဲ့ဘဲ ခေါင်းငုံပြီး ရှက်နေ‌တော့သည်။

"ဟား.ဟား ..ရပ်ကြတော့ မရီကြနဲ့တော့ ကိုကို ကလေး မရီချင်တော့ဘူး အကျီလဲချင်ပြီ ချမ်းတယ် "

"ကလေး သဘော"

ကျန်တဲ့လူတွေလည်း ဆက်ရီရမလို ရပ်ဘဲ ရပ်နေရတော့မလို ဗျာများနေကြတော့သည်။

ရှောင်လင်းမေ လည်း တယောက်မှ သူ့ကိုအဖက်မလုပ်ကြတာကြောင့် တောက် ခေါက်ကာ သူ့အိပ်ဆောင်ဆီပြန်လာလိုက်သည်။

ဝမ်ရှောင်းယွမ်လည်း ကလေးကို သူကိုယ်တိုင်အဝတ်အစားလဲပေးပြီး ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်။

ရင်ခွင်ထဲက ကလေးက ခေါင်းလေး‌မော့ပြီး သူ့ရင်ဘက်ကိုမေးလေးထောက်ကာ

" ကိုကို ကလေး မိဘတွေဆီသွားလယ် ချင်တယ် ပို့ပေး"

" ကလေးသဘော မနက်ဖြန် ကိုတို့သွားလယ်ရအောင်"

system 810 (Complete)Where stories live. Discover now