9.4

2.7K 170 4
                                    

<Unicode>
အွန်ဝါ ပါးရိုက်ဖို့ပြင်လိုက်တဲ့အချိန် မိုင်အွန် က အွန်ဝါရဲ့လက်ကို ဘယ်လက်နဲ့ ဖမ်းလိုက်ပြီး ညာလက်နဲ့

"ဖြောင်း‌!!!ဖြောင်း!!!"

ဘယ်ပြန်ညာပြန် နှစ်ချက်ဆင့်ရိုက်လိုက်သည်။

"နင် နင် ငါ့လက်ကိုလွှတ်စမ်း မိုင်အွန် နင်ကများ ငါ့ကိုပါးရိုက်ရဲတယ်ပေါ့"

"နင်တောင်ငါ့ကိုရိုက်ဖို့လက်ရွယ်ရဲတာဘဲ ငါလည်း ရိုက်ရဲတာပေါ့ "

"နင့်လို အကြွေးနဲ့သိမ်းခံရတဲ့ကောင်ကများ လူပါးဝလို့ ငါ့လက်ကိုလွှတ်စမ်း အောက်တန်းစားကောင်"

"ဟိုးထား ဟိုးထား သိပ်ပြီး ဒေါသထွက်မနေနဲ့ အဘွား  တစ်ပိဿာလောက်လိမ်းထားတဲ့ makeup တွေ ပြုတ်ကျကုန်မယ် "

"ဘာ အဘွားဟုလား ဒီရုပ်ဒီရည် နဲ့ အဘွားဖြစ်စရာလည်း အော် ကိုကို လတ်စီချိုင်က နင့်ကို ပစ်ထားပြီး ငါ့ကိုဘဲဂရုစိုက်နေလို့ မနာလိုနေတာလား သနားပါတယ် ကျွတ် ကျွတ်"

"မနာလိုစရာလား အဲ့လို နွားကို ခများလို ပိုင်းလုံးမဘဲ ကြိုက်မှာပေါ့ ကျနော့်လို နတ်သားလေးက စာရင်း ထဲတောင်မထည့်ဘူး"

"ဟက် မရရင် မရဘူးပေါ့  မင်း ငယ်ပါသေးတယ် ဒီအမဆီက ပညာတွေ သင်လိုက်အုံး"

"သင်စရာလား အော် ကျနော် သင်ယူမယ်နော် ဥပမာတော့ လုပ်ပြပေါ့နော် သူများပါးလာရိုက်ရင် ဘလိုရုပ်ဖြစ်သွားတယ်ဆိုတာ ပြကြည့်ပါလား သင်ယူချင်လို့"

မိုင်အွန်လည်း အွန်ဝါရဲ့ လက်တဖက်ကို မလွတ်‌သေးဘဲ ညာလက်နဲ့ လေးချက်လောက်ဆင့်ရိုက်ပလိုက်သည်။

"ဖြောင်း ဖြောင်း‌ ဖြောင်း ဖြောင်း"

မိုင်အွန် ရိုက်လိုက်တော့ အွန်ဝါရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးစအနည်းငယ် ထွက်လာသည်။မိုင်အွန် အွန်ဝါရဲ့ဖြစ်ပျက်‌နေတဲ့ရုပ်ကိုအရသာခံကြည့်နေတဲ့အချိန်

'host အိမ်တော်ထိန်းတက်လာနေပြီ'

'ဘယ်ရောက်နေပြီလဲ'

'တံခါးဝရောက်တော့မယ်'

'ok'

မိုင်အွန်လည်း အွန်ဝါရဲ့ လက်ကို သူ့ပါးပေါ်ရိုက်ချလိုက်သည်။ ရိုက်ပြီးတော့ ကြမ်းပြင်ပေါ် လှဲချလိုက်သည်။ဆံပင်တွေကိုလည်း အမြန်ဖွလိုက်ပြီး နှုတ်ခမ်းထောင့်ကိုကိုကိုက်ကာ သွေးအနည်းငယ် ထွက်စေလိုက်သည်။ မျက်ရည်တွေကလည်း ဘယ်ကနေဘယ်လိုထွက်ကျလာလဲမသိ ....

system 810 (Complete)Où les histoires vivent. Découvrez maintenant