4.3

3.1K 205 0
                                    

<Unicode>
လူးစ်လည်း သူ့ရဲ့မှတ်ဉာဏ်ထဲကအတိုင်း အိပ်ခန်းဆီပြန်လာလိုက်သည်။ အိပ်ခန်းထဲရောက်တော့ ကယ်လိုရာက သူ့ကိုစောင့်နေပုံရသည်။

" ကယ်လိုရာ ဘာဖြစ်လို့လဲ တခုခုပြောစရာရှိလို့လား"

" ခေါင်းဆောင် အဆင်ပြေရဲ့လား "

" ခေါင်းဆောင်လို့ခေါ်မနေနဲ့ဒီတိုင်းလူးစ်လို့ဘဲခေါ် အဆင်ပြေလားဆိုတာဘာကိုမေးချင်တာလဲ"

" မနက်ကခေါင်းဆောင် အော့ဒ်နဲ့ ရို့စ်က ချစ်သူတွေဖြစ်‌နေကြပြီလို့ကြော်ငြာတာလေ"

" ဘာမှမဖြစ်ဘူး အဆင်ပြေတယ် ငါဒီည နင့်အခန်းလာအိပ်မယ်ရလား"

"ရပါတယ် လာအိပ်လေ အဲ့ဆို ကျနော် သွားပြီနော်"

" အေ အေ ကိုယ်လက်သန့်စင်ပြီးရင် လာခဲ့လိုက်မယ်"

ကယ်လိုရာ လည်း လူးစ် လာအိပ်မယ်ဆိုတာကြောင့် အခန်းသန့်ရှင်းရေးသွားလုပ်နေသည်။

လူးစ်လည်း ရေမိုးချိုးပြီး အဝတ်အစားလဲလိုက်သည် သူ့အိပ်ယာကိုလည်း သူအိပ်နေတဲ့အတိုင်းပြင်ဆင်ပြီး သူ့ကိုယ်စား ခေါင်းအုံး ‌တွေကို စီထည့်ထားလိုက်ပြီး ကယ်လိုရာဆီ ထွက်လာခဲ့လိုက်သည်။

ည 11 နာရီ

' host  ထအုံး ဇာတ်လိုက်နှစ်ယောက် host အခန်းထဲ သွားပြီး host ကိုသတ်ဖို့ကြံနေပြီ'
' ချစ်ရိပ် သူတို့နှစ်ယောက်အခုဘယ်ရောက်ပြီလဲ'
' အခန်းထဲ‌ဝင်တော့မယ်'
' videoရိုက်ထား အသုံးဝင်လာလိမ့်မယ်'
'ဟု'

အော့ဒ်နဲ့ ရို့စ် လူးစ်အခန်းထဲရောက်ဝောာ့ ခေါင်းအုံးထည့်ထားတဲ့စောင်ကို ဓါးနဲ့အကြိမ်ကြိမ်ထိုးနေကြသည်။

" ကို ရို့စ် တို့ဓါးနဲ့ ဒီလောက်ထိုးနေတာ သွေးလည်းထွက်မလာဘူး အော်တဲ့အသံလည်းမကြားရဘူး ဘလိုဖြစ်တာလဲ"

ရို့စ် လည်း အော့ဒ်ကို လှည့်ပြောပြီး စောင်ကို ဆွဲ လှန်လိုက်တယ်

" ဟင် ခေါင်းအုံးတွေ"
" ကို ရို့စ်တို့ဘလိုဆက်လုပ်ကြမလဲ ..တောက်!!.. လူးစ်..လူးစ်.. ဘာလို့ကျမရဲ့မာယာအောက်မှာမကျရှုံးရတာလဲ မဟုရင်စိတ်ညို့တဲ့အစွမ်းကိုလည်းသုံးစရာမလိုဘူး အခုတော့ အစွမ်းတွေပြယ်သွားရင်.. ကိုကို ရို့စ် တို့ဘလိုဆက်လုပ်ကြမလဲ"

system 810 (Complete)Where stories live. Discover now