9.3

2.5K 162 17
                                    

<Unicode>
မိုင်အွန် လည်းပါးကိုကိုင်ကာ မျက်ရည်တွေ စီးကျလာတော့သည်။ပြီးတော့ မျက်နှာကိုအတက်နိုင်ဆုံးငယ်အောင်ထားပြီး လတ်စီချိုင်ကို မဝံ့မရဲကြည့်လိုက်သည်။ပြီးတော့
အွန်ဝါကိုပြန်ကြည့်လိုက်ပြီး

"ကျနော် တောင်းပန်ပါတယ် ဟင့် ကျနော်က အမနဲ့အဆင်ပြေပြေနေချင်ရုံပါ ဟင့် ပြီးတော့
အကိုကလည်း သင့်သင့်မြတ်မြတ်နေပါဆိုလို့ သင့်သင့်မြတ်မြတ်နေရအောင်လို့ပြောတာကို အမက ကျနော်ကို ဟင့် ရွတ် ကျနော် ဟင့် ကျနော်တောင်းပန်ပါတယ် "

မိုင်အွန် လည်းလက်ဖဝါးနှစ်ဖက်ကို မျက်နှာအုပ်ပြီး ခန္ဓာကိုယ်တုန်ရီသည်အထိငိုနေသည်။ လတ်စီချိုင်လည်း ဒူးထောက်ထိုင်လိုက်ပြီး မိုင်အွန်ကိုဖက်ကာ

"မငိုပါနဲ့မိုင်အွန်လေး တိတ်တော့နော် "

လတ်စီချိုင်လည်း မိုင်အွန် ခေါင်းကို ပွတ်ပြီးချော့မြူနေသည်။ပြီးတော့မတ်တပ်ရပ်ပြီး ပါးစပ်ဟနေတဲ့အွန်ဝါကို

"မင်းဘလိုလုပ်လိုက်တာလဲ ငါက
သင့်သင့်မြတ်မြတ်နေလို့ပြောထားလို့ မိုင်အွန်က နင့်ကိုပြန်ပြောတာလေ ဒါကို မင်းက ပါးရိုက်ရလား အွန်ဝါ"

"မဟုဘူး သူက..."

"အမရယ် ဟင့် ကျနော်တောင်းပန်ပါတယ် ဟင့် အမမကြိုက်ရင်လည်း ဟင့်  ကျနော်ထွက်သွားပေးပါ့မယ် ဟင့်  ကျနော့်ကိုတော့မဟုတာ‌တွေမစွပ်စွဲပါနဲ့ ဟင့် ကျနော်တောင်းဆိုပါတယ်"

မိုင်အွန်လည်း အွန်ဝါရဲ့စကားကိုဖြတ်ပြောလိုက်ပြီး လက်နှစ်ဖက်ကိုပွတ်ကာ တောင်းပန်နေတော့သည်။

"ထပါ မငိုနဲ့တော့နော်မိုင်အွန် လာအကို အခန်းလိုက်ပို့ပေးမယ်နော်"

လတ်စီချိုင်လည်း မိုင်အွန်ကို လက်မောင်းကနေဖက်ပြီးတွဲကာမိုင်အွန်အခန်းဆီလိုက်ပို့လိုက်သည်။

အွန်ဝါလည်း မိုင်အွန်နဲ့လတ်စီချိုင်ကို မီးပွင့်မတက် စိုက်ကြည့်ပြီး လက်သည်းတွေက လက်ဖဝါးတွေထဲစိုက်လောက်သည်အထိ လက်သီးကိုစုပ်ထားသည်။

မိုင်အွန်တို့ သူ့မြင်ကွင်းကနေပျောက်သွားတော့ သူ့ဒေါသတွေကို စားပွဲပေါ်တင်ထားတဲ့
ပန်းသီးပန်းကန်တွေပေါ်ပုံချလိုက်သည်။ပန်းသီးပန်းကန်လည်း သူ့ကြောင့် နံရံနဲ့လင်မယားဖြစ်ပြီး ကွဲသွားတော့သည်။

system 810 (Complete)Where stories live. Discover now