8.9 end

2.5K 157 3
                                    

<Unicode>
ပျော်ပွဲရွှင်ပွဲ ကျင်းပတဲ့နေ့တွင် ဂိုဏ်းသားတွေအကုန်ရောက်နေပေမဲ့ ဂိုဏ်းချုပ်ဖြစ်သူ ရှီဇုကဲနဲ့ စဲဇုရှီ က မရောက်လာပေ....

ဘာလို့လဲဆိုတာကိုတော့ ကာရုစံ ကုစုရှီနဲ့ ကာယကံရှင် နှစ်ယောက်သာ သိလေသည်။

(Me လည်းသိတယ်😁😁)

ကုစုရှီရဲ့အဖေဖြစ်သူ အရင်ဂိုဏ်းချုပ်ကလည်း ရှီဇုကဲတို့အမြန်မလာတော့ သူဘဲ ဦးဆောင်ပြီး ကျင်းပလိုက်တော့သည်။

ရှီဇုကဲ မနေ့က သူ့ကိုကိုက ကိုယ်ဝန်ရှိအောင်ဆိုပြီး ကာရုစံတို့ဆီက ပြန်လာကတည်းက လုပ်နေတာ မနက်မိုးလင်းထိ ဒါတောင် မှ နောက်တချီ နောက်တချီ နဲ့ပြောနေလို့ တခြားခန်းအိပ်ချင်ရင် ဆက်လုပ်လို့ပြောလိုက်မှ ရပ်ပေးတော့သည်။

အခုမနက်နိုးလာတော့  လူဆယ်ယောက်လောက် ကိုင်ပေါက်ထားသလို တကိုယ်လုံးက နာကျင်ကိုက်ခဲနေသည်။

'ချစ်ရိပ် ရှိနေလား'

'ရှိပါတယ်'

'ငါ့ကို ဆေးပေးအုံး'

'ဟု points 100 ဖြတ်လိုက်ပါပြီ လက်ကျန် points 6990 ပါ '

ရှီဇုကဲ လည်းချစ်ရိပ်ပေးတဲ့ဆေးသောက်လိုက်မှ သက်သာလာတော့သည်။ဘေးကိုကြည့်လိုက်တော့ စဲဇုရှီ က အိပ်နေတုန်း ....

ရှီဇုကဲ လည်း စဲဇုရှီ ရဲ့ရင်ခွင်ထဲတိုးဝင်ပြီး ပြန်အိပ်နေလိုက်သည်။စဲဇုရှီလည်း ရင်ခွင်ထဲဝင်လာတဲ့ ရှီဇုကဲကိုဖက်ကာ ပြန်အိပ်လိုက်သည်။

နေ့လည် ပွဲပြီးတော့ ကာရုစံနဲ့ ကုစုရှီလည်း ရှီဇုကဲဆီထွက်လာလိုက်သည်။ရှီဇုကဲအခန်းရောက်ဆီရောက်တော့ အရင်ဆုံးတံခါးခေါက်လိုက်ကြသည်။

" ဒေါက် ဒေါက် ဂိုဏ်းချုပ် ရှီဇုကဲ ဝင်လာမယ်နော်"

"အင်း ဝင်လာခဲ့"

ကာရုစံဝင်လာတော့ ကုတင်ပေါ်မှာ ရှီဇုကဲနဲ့ စဲဇုရှီက အတူတူထိုင်နေကြသည်။ပုံစံက အခုမှ အိပ်ယာကနိုးလာသည့်ပုံစံ ဖြစ်သည်။ကာရုစံလည်း ပြောစရာရှိတာအမြန်ပြောဖို့‌ပြင်လိုက်သည်။

"ဂိုဏ်းချုပ် ရှီဇုကဲ မနက်က ဂိုဏ်းသားတ‌ ယောက်လာပြောတာ မြို့မှာ ပြည်သူအချို့ ကို အမြတ်ကြီးစားနေတဲ့ သူဌေးတယောက် ရှိလို့ လာပြီးကူညီပေးဖို့ ပြည်သူတယောက်က တောင်းဆိုထားပါတယ်တဲ့ အဲ့ဒါဘလိုလုပ်ရမလဲ လာမေးတာပါ"

system 810 (Complete)Where stories live. Discover now