8.6

2.6K 156 8
                                    

<Unicode>
ရှီဇုကဲ သူ့အဖေဆီကထွက်သွားတော့ ကာရုစံနဲ့ ကုစုရှီ ရောက်လာသည်။

"ကျနော်တို့ကို သဘောတူပေးလို့ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ကုစုရှီကိုကျနော် သေတဲ့အထိချစ်မြတ်နိုးပြီး ပျော်ရွှင်အောင်ထားမယ်လို့ကတိပေးပါတယ်"

"ရပါတယ် ဒါတွေက ရှီဇုကဲ ကြောင့်ပါ သူ့ကိုလည်း ကျေးဇူးတင်လိုက်ကြအုံးနော် ကဲသမီးလည်း ကာရုစံကိုလက်ထပ်ချင်ရဲ့လား"

"လက်ထပ်ချင်ပါတယ်"

"အင်း အင်း မနက်ဖြန်မဂ်လာဝတ်စုံချုပ်‌ပေးဖို့ အဝတ်ချုပ်တဲ့သူကိုသွားပြောလိုက်ကြ ပြီးတော့ဂိုဏ်းသားတွေကို မဂ်လာ‌ပွဲအတွက်အ‌စားအသောက်တွေပြင်ဆင်ဖို့မြို့ထဲသွားပြီး သွားဝယ်ခဲ့လို့ ပြောလိုက်အုံး"

"ဟု ကျနော်စီစဉ်လိုက်ပါ့မယ် "

"အေ အေ လုပ်စရာရှိတာ သွားလုပ်ကြတော့"

ကာရုစံနဲ့ ကုစုရှီလည်း ဂိုဏ်းချုပ်ကိုနှုတ်ဆက်ပြီး လိုအပ်တာပြင်ဆင်ဖို့ ထွက်လာလိုက်ကြသည်။

သူတို့နှစ်ယောက်ထွက်သွားပြီး ခနကြာတော့ ရှီဇုကဲ က ဆေးခွက်ကိုင်ပြီး ရောက်လာသည်။

"အဖေ ဒီမှာဆေး ဒါကိုတပတ်သောက်လိုက်ရင် အဖေ့လိပ်ခေါင်းက အရှင်းပျောက်သွားလိမ့်မယ် အင့် သောက်လိုက်အုံး"

ဂိုစ်းချုပ်လည်း ဆေးကိုယူပြီးတခါထဲသောက်လိုက်သည်။ ခါးမယ်ထင်ထားပေမဲ့ ဆေးကမခါးဘဲ ချိုနေတာကြောင့် ခွက်ထဲကကျန်နေတဲ့ ဆေးရည်တွေကိုပါ လျက်လိုက်သည်။ဆေးခွက်ထဲမှာဆေးတွေ တစက်ကလေးပင်မကျန်တော့မှ ခွက်ကိုပြန်ပေးလိုက်သည်။

"တနေ့ဘယ်နှစ်ခွက်သောက်ရမှာလဲ"

"နှစ်ခွက်ပါ မနက်တခွက် ညနေတခွက် ဒါဆိုတပတ်လောက်ကြာရင် အရှင်းပျောက်သွားမှာပါ နားလိုက်အုံးနော် သားပြန်တော့မယ်"

"အေအေ ဖြေးဖြေးပြန်"

ရှီဇုကဲလည်း သူ့အဖေကိုနှုတ်ဆက်လိုက်ပြီး အခန်းပြန်ကာ အနားယူလိုက်တော့သည်။

သူတို့နှစ်ယောက်မသိလိုက်တာက ဂိုဏ်းချုပ်မှာ လိပ်ခေါင်းရှိနေတယ် ဆိုတာကို တစုံတယောက်က ကြားသွားတာကိုဘဲ...

system 810 (Complete)Where stories live. Discover now