7.6

3K 174 2
                                    

<Unicode>
ချွဲသခင်မလည်း မျက်ရည်‌ တွေနဲ့ပြေးထွက်သွားတဲ့သူ့သမီးကြောင့် ဂျီရာတို့သားအမိကို သတိပေးတဲ့မျက်လုံးနဲ့ကြည့်ပြီးထွက်သွားသည်။
ချွဲသခင်ကြီးကလည်း

"ကျပ်ကျပ်သတိထား အိမ်ပေါ်ကခေါင်းနဲ့မဆင်းချင်ရင် ငါ့သမီးကို လက်ဖျားနဲ့တောင်မထိနဲ့  လူလိုသူလို ထားပေးလို့ ဒီအိမ်က အရှင်သခင်လို လာမလုပ်နဲ့ မယားငယ်ကမယားငယ်ဘဲ "

"ရှင် အဲ့လိုမပြောပါနဲ့ ကျမလည်း ရှင့်မယားဘဲလေ"

"ဘာမယားနဲ့ ဆေးခတ်ပြီး အပိုင်ကြံထားတာကိုများ ငါက လူစိတ်ရှိလို့ တာဝန်ယူထားတာနော် စေတနာပျက်အောင်မလုပ်နဲ့"

ချွဲသခင်ကြီးလည်း ဂျီရာတို့သားအမိကိုပြောပြီး အခန်းထဲကထွက်သွားသည်။

ဂျီရာအမေလည်း စိတ်တိုတိုနဲ့သူ့သမီးကို

"နင်လည်းသတိထား နည်းနည်းလေးလာပြောတာကို သည်းခံလိုက်လေ မွေးရကြိုးကိုမနပ်ဘူး"

ဂျီရာအမေလည်း ဂျီရာ ကိုပြောပြီး အခန်းပြင်ထွက်သွားသည်။ဂျီရာလည်းတံခါးကို‌ လော့ချလိုက်ပြီး စိတ်တိုတိုနဲ့ ခေါင်းအုံးကိုသာထုနေသည်။

"အဲ့ဒါနင့်ကြောင့် ဂျယ်ယောင်း နင်သာမရှိရင် ထယ်ဟွန်းကငါ့ကိုပြန်ကြိုက်မှာ ဒီလိုမျိုးလည်း သူများအိမ်မှာ အစော်ကားခံရမှာမဟုဘူး"

ဂျီရာလည်း ညစာတောင်မစားဘဲ အိပ်စက်လိုက်သည်။မနက်လည်း အစောကြီးထပြီး မနက်စာမစားဘဲ ကျောင်းကိုထွက်လာပြီး ကျောင်းမှာရှိတဲ့ အပင်ရိပ်အောက်မှာ ထယ်ဟွန်းကိုစောင့်နေလိုက်သည်။

သူစောင့်နေပြီး နာရီဝက်လောက်ကြာတော့ ကျောင်းသူကျောင်းသားတွေက တနေရာကို ဝိုင်းကြည့်နေကြတာကြောင့် သူပါလိုက်ကြည့်လိုက်တော့ ဂျယ်ယောင်းနဲ့ထယ်ဟွန်းက လက်ချင်းတွဲပြီး လျှောက်လာတာကိုတွေ့လိုက်ရသည်။

"တောက်!!!!....ဂျယ်ဟွန်း နင့်လက်ထဲကနေ ထယ်ဟွန်းကိုလုပြမယ် ထယ်ဟွန်းက ငါ့အပိုင်ဘဲဖြစ်ရမယ်"

ဂျယ်ယောင်းနဲ့ ထယ်ဟွန်းနဲ့လမ်းလျှောက်လာနေတုန်း တယောက်ယောက်က သူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားရတာကြောင့်

system 810 (Complete)Where stories live. Discover now