7.2

3.2K 194 5
                                    

<Unicode>
ဂျယ်ယောင်းလည်း ချစ်ရိပ်ကို ခေါ်မလို့ပြင်လိုက်တဲ့အချိန် နောက်ကနေတယောက်ယောက်က လန့်အောင်လုပ်လို့ ယောင်ပြီး ချစ် ဆိုတဲ့စကားလုံးထွက်သွားသည်။ အဲ့မှာ ကောင်မလေးက ဘာတွေသဘောကျသွားလဲမသိဘူး ကျနော့်ကို ချစ်ဖို့ကောင်းတယ်လို့လာပြောတယ် နာမည်မေးတော့ ပြန်ပြောမလို့ပြင်လိုက်တဲ့အချိန် ဘယ်ကမှန်းမသိရောက်လာတဲ့ ဇာတ်လိုက်က သူ့အပိုင်လိုလာလုပ်နေသည်။

"‌ဒီမှာ မြောင်ထယ်ဟွန်း ကျနော်က ဘလိုလုပ် ခများ ခင်ပွန်းလောင်းဖြစ်ရမှာလဲ ညနေကြရင် စေ့စပ်ပွဲဖျက်ဖို့ အမေတို့ကိုပြောလိုက်မယ် ခများလည်း ကျနော့်ကို သဘောမကျမှန်းသိတယ် ကျနော်လည်း ခများကို စိတ်မဝင်စားတော့ဘူး လာမမ သွားရအောင်"

ဂျယ်ယောင်းလည်း ထယ်ဟွန်းကို နည်းနည်းလေး ပညာပေးချင်လို့တမင်ပြောလိုက်ပြီး ဟီးယူရဲ့လက်ကိုဆွဲပြီးထွက်လာလိုက်သည်။

ဟီးယူကတော့ ကြောင်တောင်တောင် နဲ့ ဆွဲခေါ်ရာပါသွားတော့သည်။ထယ်ဟွန်းလည်း အရင်က ဂျယ်ယောင်းကို သဘောမကျဘူးဆိုတာ မှန်တယ် ဒါပေမဲ့ အခုကြတော့ သူများလက်ကိုဆွဲပြီး ထွက်သွားတဲ့ ဂျယ်ယောင်းကြောင့် ရင်ထဲမှာ တခုခုကို အလိုမကျသလိုဖြစ်လာသည်။

"တောက် ဂျယ်ယောင်း မင်းကငါ့အပိုင်ဘဲ စေ့စပ်ပွဲဖျက်ချင်တယ်ပေါ့ တခါထဲ လက်ထပ်ပွဲလုပ်ပြစ်မယ်"

ထယ်ဟွန်းလည်း ဂျယ်ယောင်းနောက်ကို လိုက်ဖို့ပြင်တဲ့အချိန် သူ့ရှေ့ကိုကောင်မလေးတယောက် တနည်းအားဖြင့် မနေ့က သူသတိထားမိတဲ့ကောင်မလေး က  မျက်လုံးမှိတ်ပြီး သူ့ကိုစာလာပေးသည်။

သူလည်းငြင်းမလို့ကြံတဲ့အချိန် ဘယ်ကမှန်းမသိတဲ့ ကျောင်းသူကျောင်းသားတွေကဝိုင်းအုံလာပြီး ကောင်မလေးကို တီးတိုးပြောပြီး လှောင်နေကြသည်။

သူလည်းကောင်းမလေးအရှက်ရမှာဆိုးလို့ စာကိုယူလိုက်တဲ့အချိန် အုံနေတဲ့ကျောင်းသားတွေကနေ ဂျယ်ယောင်းက ထွက်လာပြီး

"ဝိုး ဖြောင်း ဖြောင်း ဂုဏ်ပြုပါတယ် ညနေကြရင်တော့ စေ့စပ်ပွဲဖျက်ဖို့ အကြောင်းပြချက်တော့ရသွားပြီ ခများလည်း သူ့ကိုချစ်တယ်မလား သွားပြီး ညနေအိမ်မှာစောင့်နေမယ်"

system 810 (Complete)Onde histórias criam vida. Descubra agora