6.2

3.1K 201 2
                                    

<Unicode>
အပေါ်ထပ်ကသူ့အခန်းဆီရောက်တော့ အဝတ်အစားတွေချွတ်ပြီးရေချိုးခန်းထဲဝင်သွားလိုက်သည်။ချစ်ရိပ်ကတော့ကုတင်ပေါ်မှာလှဲရင်းမျက်လုံးမှိတ်ကာ မှေးနေလိုက်သည်။

လင်းထက် ရေချိုးခန်းထဲကထွက်လာတော့ ကုတင်ပေါ်မှာ သရေတွေကျကာ အိပ်ပျော်‌ နေတဲ့ ချစ်ရိပ်ကိုတွေ့လိုက်ရသည်။

"ချစ်ရိပ်ထအုံး အမြန်ထ"

"ဘာဖြစ်လို့လဲ လင်းထက်ကလဲ ဒီမှာ အိမ်မက်ကောင်းနေတာကို"

"အံမယ် ငါ့ကိုများ လင်းထက်တဲ့ ငါနင့်ထက် တစ်နှစ်ကြီးတယ် အကိုလို့ပြောင်းခေါ်"

"ဟုကဲ့ ဦးလေးကြီး"

"လာမနောက်နဲ့ ဒီမှာကြည့်အုံး‌ ငါ့ခေါင်းအုံးပေါ်မှာ သရေတွေကြီးဘဲ ဘာအိမ်မက်တွေမက်နေလို့ သရေတွေပါကျရတာလဲ"

"ဟဲ ဟဲ ကျနော့်အိမ်မက်ထဲမှာလေ ကြက်ကင် hotpot  မာလာရှမ်းကော ဟမ်ဘာဂါ တွေကို စားနေတာကို ဦးလေးကြီးနှိုးလိုက်လို့ အကုန်တောင်မစားလိုက်ရဘူး ဟွန့်"

"အစားပုတ် ငါ့ကို အကိုလို့ ပြောင်းခေါ်ရင် ခနနေဝယ်ကျွေးမယ် ဘလိုလဲခေါ်မလား"

"ခေါ်မှာပေါ့ အကိုရေ ကျနော့်ကို ဝယ်ကျွေးနော် ကျနော်စားချင်လို့"

"ကောင်းပါပြီ ငါ့ညီလေးရယ် ရေသွားချိုးလိုက် ပြီးရင် ငါ့ဗီဒိုထဲက ကြိုက်တဲ့အကျီ ယူဝတ်လိုက် ဒိုးကြမယ် "

"Ok bro ခနဘဲစောင့် စားရတော့မယ်ဟေ့!!!.."

ချစ်ရိပ်လည်း ရေချိုးခန်းထဲ အမြန်ဝင်ပြီးရေချိုးလိုက်တာ ၅ မိနစ်ထဲနဲ့ပြီးသွားသည်။
လင်းထက် သူတောင်ဘောင်းဘီဘဲ ဝတ်ရသေးတယ် ချစ်ရိပ်က ရေချိုးပြီးနေပြီ

"ချစ်ရိပ် ဆပ်ပြာတွေနဲ့တိုက်ရဲ့လား"

"တိုက်တာပေါ့ အကိုကလည်း မယုံရင်နမ်းကြည့်"

"နမ်းစရာလား နမ်းချင်းနမ်း ငါ့လင်ကိုဘဲနမ်းမှာပေါ့"

"သူမယုံမှာဆိုးလို့‌လည်း နမ်းခိုင်းတာကို"

ချစ်ရိပ်နဲ့ လင်းထက်လည်း အဝတ်အစားလဲ နည်းနည်းပါးပါး ပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။

system 810 (Complete)Where stories live. Discover now