7.9 end

3.1K 179 11
                                    

<Unicode>
ဂျယ်ယောင်းလည်း အစောင့်တွေကိုခေါ်ပြီး

"ဒီအလောင်းကို မြစ်ကမ်းဘေးမှာ သွားပစ်ထားလိုက်"

ဂျယ်‌ယောင်းလည်း အစောင့်တွေကိုပြောပြီး ရေမိုးချိုးကာ ဆေးရုံဆီပြန်ထွက်လာလိုက်သည်။ဆေးရုံရောက်တော့ ထယ်ဟွန်း အခန်းထဲမှာ သူ့မိဘတွေနဲ့ ထယ်‌ဟွန်းမိဘတွေရောက်နေသည်။

"သား ထယ်ဟွန်းရဲ့အခြေအနေ"

"အဆင်ပြေပါပြီအမေရဲ့ အန်တီနဲ့အန်ကယ်လည်းမစိုးရိမ်ပါနဲ့တော့"

"အေကွယ် အန်တီတို့လည်း မဂ်လာဆောင်က ကျန်တဲ့ကိစ္စတွေရှင်း‌နေရတာ‌နဲ့ချက်ချင်းမလာဖြစ်လိုက်ဘူး"

"ရပါတယ် အိမ်ပြန်နားလိုက်ကြလေ ကျနော်
စောင့်ပေးလိုက်မယ် သတိရလာရင် ဖုန်းဆက်လိုက်မယ်နော်"

"အေပါ အဲ့ဆို ပြန်တော့မယ်နော် သားကိုဂရုစိုက်ပေးပါအုံး"

"ဟု"
မိဘတွေပြန်သွားကြမှ ထယ်ဟွန်းကိုကြည့်လိုက်တော့ ဆေးပိုက်တွေနဲ့ ကုတင်ပေါ်မှာ မေ့နေသေးသည်။

"ကိုကို သတိမရသေးဘူးလား ဒီညမှ သတိမရရင်တော့ မဂ်လာမဦးရတော့ဘူးနော်.... baby တယောက်ထဲပျင်းလာပြီထပါတော့ ကိုကို သိလား ကိုကို့ကိုပစ်လိုက်တဲ့ ဂျီရာကိုလေ ကျနော် နည်းနည်းလေး နှိပ်စက်လိုက်တယ် ပြီးတော့ မတော်တဆသတ်မိသွားတယ် ကိုကိုသာသိရင် baby ကိုဆူ‌မှာလား
ကိုကိုက ရက်စက်တယ် baby ကိုအကြာကြီးပစ်ထားတယ် ထပါတော့ဆို ဟင့်"

'host ရယ် ဘာအကြာကြီးပစ်ထားတာတုန်း နေ့လည်ကမှ သေနတ်ပစ်ခံရတာကို မသိရင် တစ်နှစ်လောက် ကိုမာ ဝင်နေသလိုပြောနေတယ် '

'ချစ်ရိပ် သာသနာဖျက် သူများတောင် မျက်ရည်တွေနဲ့အပီအပြင်ကို feel နေပါတယ်ဆို ဒါနဲ့ ကိုကို သတိမရသေးဘူးလား'

'မရသေးဘူး မနက်ဖြန်လောက်မှရလိမ့်မယ်'

'အခုသတိရအောင်လုပ်ပေးလို့မရဘူးလား'

'မရဘူး ရလည်းပြောပြစရာလား ဟွန့်'

'ပြောပြပါ ချစ်ရိပ်ကလည်း ငါကိုကို့ ကိုအရမ်းသတိရလာပြီ ဟင့် ငါ့ကို သနားပါ
ချစ်ရိပ်ရယ်နော် '

system 810 (Complete)Where stories live. Discover now