2.5

4.2K 255 8
                                    

ဖုန်းလန်လည်း မွန်ဂိုတိုင်းပြည်မှာ နှစ်ရက်လောက်ထပ်နေခဲ့ပြီး ကျိုးတိုင်းပြည်ကိုပြန်လာခဲ့တယ်

ဖုန်းလန်ရဲ့မိသားစုက အရမ်းမချမ်းသာပေမဲ့အရမ်းလည်းမဆင်းရဲဘူး စားနိုင်သောက်နိုင်တဲ့အဆင့် ဖုန်းဆေးဆိုင် ဆိုပြီး ဆေးဆိုင်တခုလည်းဖွင့်ထားတယ်

ဖုန်းလန်မပြန်လာခင် သူ့မိဘတွေကို စာပို့ခိုနဲ့ စာပို့ထားတာကြောင့် အိမ်ပြန်လမ်းမှာအခက်အခဲမရှိဘဲ သူ့မိဘတွေလွှတ်လိုက်တဲ့ အစေခံတွေနဲ့ အိမ်ကိုကောင်းကောင်းမွန်မွန်ပြန်လာနိုင်ခဲ့တယ်

ညနေရောက်တော့

ဖုန်းအိမ်တော် ဆိုတဲ့ဆိုင်းပုတ် ကြီးရှေ့မှာ သူ့မိဘတွေနဲ့အစေခံတွေက ရပ်စောင့်နေကြတယ်
ဖုန်းလန်မိဘတွေလည်း ဖုန်လန်ကိုတွေ့တော့

"သားရယ် မသေကောင်းမပျောက်ကောင်း ဘယ်တွေရောက်နေတာလဲ အမေတို့မှာစိတ်ပူလိုက်ရတာ"

"ရှင်မရယ် အိမ်ထဲဝင်ပြောရအောင် သား‌ မတ်တပ်ရပ် နေရတာညောင်းနေတော့မယ်"

ဧည့်ခန်းထဲတွင်

"အိမ်ရှေ့စံ မင်းသားပြောတော့ သားသေပြီဆို အမေတို့မှာ မယုံနိုင်ဘူးဖြစ်နေရတယ် သားသူငယ်ချင်း ဖုန်းရှီးဝေ ကတော့အိမ်ရှေ့စံမိဖုရားဖြစ်သွားလို့မြောက်ကြွမြောက်ကြွနဲ့ "

" သားမွန်ဂိုတွေဆီမှာ ဖမ်းခံရတာ တော်သေးတယ် မွန်ဂိုမင်းကြီးက သဘောကောင်းလို့ အရမ်းလည်းချောတယ် တော်လည်းတော်တယ် အဟိ"

ဖုန်းလန်မိဘတွေစိတ်ထဲမှာတော့  ငါတို့သားဖမ်းခံရလို့ရူးသွားပြီလား မွန်ဂိုမင်းကြီးကဒီ‌ လောက်ရက်စက်တာ ဆိုပြီးတွေးနေကြသည်

" ပြီးတော့ သားအမေတို့ကိုပြောစရာရှိတယ်"
"ပြောလေးသား အမေတို့နားထောင်နေတယ်"
"သား မွန်ဂို မင်းကြီးနဲ့လက်ထပ်ပြီးပြီ အမေတို့သဘောတူပေးပါ"
(ကလေးရမှ‌‌ပြောပါလား🙄🙄)

"ဘာ လက်ထပ်ပြီးပြီ အမလေး အမလေး ငါသွေးတက်နေပြီ"

ဖုန်းသခင်မကြီးသွေးတက်‌တာမြင်မှ ဘာစကားမှဝင်မပြောဘဲထိုင်နေတဲ့ ဖုန်းသခင်ကြီးက
"ရှင်မ စိတ်လျော့စိတ်လျော့ သားက လက်တောင်ထပ်ပြီးပြီဘဲ အဖေတို့ သဘောတူပါတယ်"

system 810 (Complete)Where stories live. Discover now