9.10 end

2.6K 171 6
                                    

<Unicode>
မိုင်အွန်လည်း နောက်နေ့ကစပြီး SI company ကို M companyဆိုပြီး နာမည်ပြောင်းလိုက်သည်။ကျန်တဲ့လူတွေကလည်း မကန့်ကွက်ကျပေ...

လတ်စီချိုင်လည်း ညက သူ့ဘဏ်အကောင့်မှာ ပိုက်ဆံတွေအများကြီး ရှိပေမဲ့ မနက်ရောက်တော့ ပိုက်ဆံတွေက တပြားမှ မကျန်တော့တာကြောင့် ဒုက္ခရောက်နေတော့သည်။
အိမ်ကအလုပ်သမားတွေလည်း အကုန်အလုပ်ထွက်သွားကြသည်။

လတ်စီချိုင်လည်းသူ့ရဲ့ကျန်နေသေးတဲ့ ကုမ္ပဏီတွေဆီသွားတော့လည်း မူးယစ်ဆေးတွေထုတ်လုပ်နေတယ် ဆိုပြီး အကုန်လုံးကို တာဝန်ရှိသူတွေက ချိတ်ပိတ်လိုက်ကြသည်။

မဟုပါဘူးလို့သွားငြင်းရအောင်လည်း သူ့ကုမ္ပဏီမှာ မူးယစ်ဆေးတွေကို လက်ပူးလက်ကြပ်မိထားတာကြောင့် ငြင်းဖို့မလွယ်...

သူ့ဘဝက တနေ့နဲ့တညမှာဘဲ စီးပွားရေးလုပ်ငန်းမှာ နံပတ် 1 ကနေ ငမွဲဘဝရောက်သွားရသည်။ အိမ်ကိုပြန်တော့လည်းအွန်ဝါကနေမကောင်းပြန်ဖြစ်နေသည်။

သူလည်းဆေးခန်းသွားပြဖို့ အကောင့်မှာပိုက်ဆံတွေကြည့်လိုက်တော့ တပြားမှမရှိတော့ ထို့ကြောင့် သူ့ရဲ့ လက်စွပ် နာရီ အပြင် ဈေးကြီးသည့်ပစ္စည်းတွေ ရောင်းပြီး သွားပြလိုက်ရသည်။

အစားအသောက်တွေဝယ်လိုက်တော့ ပိုက်ဆံကလည်း တော်တော်များများကုန်သွားသည်။ထို့ကြောင့် သူလည်း အိမ်ကိုရောင်းလိုက်ပြီး‌‌ ဈေးသက်သာတဲ့အခန်းငှားပြီး နေထိုင်ရတော့သည်။

မိုင်အွန်ကတော့ M company မှာ အလုပ်တွေကိုကောင်းကောင်းစီမံနိုင်တာကြောင့် ရှယ်ယာရှင်တော်တော်များများက သဘောကျကြသည။

အခုဆို မိုင်အွန် M companyကိုအုပ်ချုပ်တာ တလပြည့်သွားပြီဖြစ်သည်။တလအတွင်း ကုမ္ပဏီရဲ့အမြတ်ကလည်း အရင်ကထက် 3 ဆလောက်ပိုတိုးလာသည်။ မိုင်အွန်တို့ကုမ္ပဏီကလည်း စီးပွားရေးနယ်ပယ်မှာ နံပတ် 1 ချိတ်ထားဆဲဖြစ်သည်။ အာထီရက်က သူ့ baby စိတ်ချမ်းသာအောင် အလျော့ပေးထားတာဖြစ်သည်။မဟုရင် အာထီရက်ရဲ့ ကုမ္ပဏီက နံပတ် 1 ချိတ်မှာပင်...

ရှယ်ယာရှင်တချို့ကလည်း မိုင်အွန် အောင်မြင်လာတော့ သမက်ဖမ်းချင်လာကြသည်။

system 810 (Complete)Место, где живут истории. Откройте их для себя