4.1 lose (လူးစ်)

3.9K 204 3
                                    

<Unicode>
လရိပ် ဒီကမ္ဘာ ရောက်ရောက်ချင်းပြေးနေတာ သတိထားမိလိုက်သည်။

လရိပ်လည်းပြေးနေတာကိုရပ်လိုက်ပြီးချစ်ရိပ်ကိုမေးမလို့ပြင်နေတုန်း

" ခေါင်းဆောင် ဘာလို့ရပ်လိုက်တာလဲ သေချင်နေလို့လား နောက်မှာ zombies တွေမှီလာ‌တော့မယ် အမြန်ပြေး"

သူထပ်ငယ်မယ်ထင်ရတဲ့ကောင်လေးက သူ့ကိုအော်ပြီးပြေးလည်းပြေး လက်ထဲကမီးတွေထုတ်ပြီး zombies တွေကိုလည်းတိုက်နေသည်။

လရိပ်လည်း ဇာတ်ကြောင်း ဘာမှမသိရသေးပေမဲ့ zombies တွေကြားထဲရောက်နေတာတော့သိလိုက်ရသည်။

' fuck ဘဲ ချစ်ရိပ် ဘယ်ကမ္ဘာတွေပို့လိုက်တာလဲ '

စိတ်ကောက်နေတဲ့ တစုံတယောက်ကတော့ မဲ့ရွဲ့ပြီး မကြားချင်ယောင်ဆောင်နေသတဲ့

လရိပ်လည်းပြေးနေရင်း
' ချစ်ရိပ်ငါ့ကို စိတ်မဆိုးနဲ့တော့လေ ငါက တမင်လုပ်တာမှ မဟုတာ ငါလည်း အသက်ဘယ်ချိန်ထွက်မလဲမှ မသိတာ စိတ်မဆိုးပါနဲ့တော့ ဒီမှာ ငါသေတော့မယ် '

' သေသေ ကျနော်နဲ့မဆိုင်ဘူး hostဘဲစဉ်းစားကြည့် ကျနော် host ကလေးကို တလသားထဲကထိန်းရတယ် ဟော ပြီးတော့ မြေးတွေထိပါထိန်းပေးခဲ့ရတယ် မြေးတွေကြီးလာပြီးအားလပ်ရက် ရပါတယ် ရည်းစားတောင်မထားလိုက်ရဘူး ယုတ်စွအဆုံး အဆင်လေးတွေတောင်မငမ်းလိုက်ရဘူး ထွက်လာရတာ တရားလား'

' ငါဘေးမှာ အရိပ်လို လိုက်နေကွာ အဆင်တွေအများကြီးမြင်စေရမယ် အခုတော့ဇာတ်ကြောင်းတွေပို့ပေးအုံး'

' ဟွန့် .. ပြီးတာဘဲ ဟိုးတိုက်ပျက်ထဲခနဝင်ပုန်းနေလိုက် ဇာတ်ကြောင်းပို့ပေးမယ်'

' ok'
လရိပ်လည်း တိုက်ပျက်ထဲဝင်ပုန်းနေလိုက်ပြီး

'ချစ်ရိပ်ပို့တော့'
' ဇာတ်ကြောင်းပို့ဆောင်နေပါပြီ
1%..2%..3%..100%  complete'

လရိပ်လည်း ဒီကမ္ဘာရဲ့ဇာတ်ကြောင်း ဖတ်ကြည့်လိုက်တော့

ဒီကမ္ဘာက Z နိုင်ငံမှာ Zနိုင်ငံက သာယာဝပြောတဲ့နိုင်ငံတနိုင်ငံဖြစ်သည်။Z နိုင်ငံမှာ A city B city C city ‌ဆိုပြီး ရှိသည်။ တစ်နေ့တော့ A cityကနေ zombies တကောင် B city ကိုရောက်လာပြီး လူတော်တော်များများ zombiesတွေဖြစ်ကုန်သည်။ နောက်တော့လူတွေက အချင်းချင်းစုပြီး ခံတပ်တွေတည်ဆောက်လာကြသည်။

system 810 (Complete)Where stories live. Discover now