10.5

2.4K 156 5
                                    

<Unicode>
ကောင်းစက်ရှိန် မိုးသောက်ဦးအိမ်ရောက်တာတပတ်ကြာပြီး နောက်တနေ့ရောက်တော့ သူတို့အိမ်ကို မင်းစိုးစံရောက်လာသည်။

မင်းစိုးစံရောက်လာချိန်က မနက် ၅:၃၀ အချိန်မို့ အိမ်တွင်မိသားစုအကုန်ရှိသည်။ ကောင်းစက်ရှိန်တို့မနက်စာ စားနေတဲ့အချိန် အိမ်အကူကောင်မလေးတယောက်က ဧည့်သည် လာတယ်ဆိုပြီးလာပြောသည်။

ကောင်းစက်ရှိန်အပြင် မိုးသောက်ဦးနဲ့ သူ့မိဘတွေလည်း ဧည့်သည် ဆိုလို့ ဧည့်ခန်းကိုထွက်လာကြသည်။

ဧည့်ခန်းတွင်တော့ သူ့အိမ်သူ့ယာလို ဆိုဖာပေါ်မှာ ခြေထောက်ကို ချိတ်ပြီး စတိုင်ကျကျထိုင်နေတဲ့ မင်းစိုးစံကိုတွေ့လိုက်ရသည်။

မင်းစိုးစံက ကောင်းစက်ရှိန်ကိုတွေ့တာနဲ့ ခုနက ခြေချိတ်ထိုင်နေတာ သူမဟုသလို မျက်နှာကချက်ချင်းသနားစရာ‌ကောင်းလှအောင် ငယ်သွားသည်။

"Baby ကိုကိုတောင်းပန်ပါတယ် စကားခနလောက်ပြောရအောင်နော်"

"ဘာပြောချင်လို့လဲ"

မင်းစိုးစံအပြောကို ကောင်းစက်ရှိန်ကပြန်ဖြေလိုက်ပြီး မင်းစိုးစံနဲ့မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။မိုးသောက်ဦးက ကောင်းစက်ရှိန်ဘေးမှာထိုင်ပြီး မိဘတွေက မိုးသောက်ဦးဘေးမှာဝင်ထိုင်ကြသည်။

"ကိုကိုတောင်းပန်ပါတယ် baby မရှိတော့မှ baby ကိုချစ်နေမှန်း ကိုယ်သိခဲ့ရတာ ကိုယ်နဲ့ပြန်ပေါင်းရအောင်နော် ကိုကို baby ကိုလက်မလွှတ်နိုင်‌တော့ဘူး"

"ဟမ်"

ကောင်းစက်ရှိန်ကတော့ အံဩလွန်းလို့ ဟမ်ဆိုတဲ့တလုံးဘဲထွက်လာသည်။

"Baby လည်း ကိုယ့်ကိုချစ်တယ်မလား ကိုယ်နဲ့အိမ်ကိုပြန်လိုက်ခဲ့ပါနော်"

"ခများနဲ့ကျနော်က ကွာရှင်းထားပြီးပြီနော်"

"ကိုယ် ကွာရှင်းစာရွက်ကိုဖြဲလိုက်ပြီသိလား ပြီးတော့ မိုးပွင့်ကြယ်စင်နဲ့လည်းမပတ်သက်တော့ဘူး ကိုယ်နဲ့ပြန်လိုက်ခဲ့ပါနော်"

"ကျနော်စဉ်းစားကြည့်အုံးမယ် အခုတော့ပြန်လိုက်ပါအုံး"

"အင်း အင်း ကိုယ်တခုတော့ပြောခဲ့အုံးမယ်နော် baby နဲ့ကိုယ်ကွာရှင်းထားမှန်း baby မိဘတွေမသိသေးဘူး baby အမေက သွေးတိုးရှိတယ်မလား ကိုယ်တို့ကွာရှင်းထားမှန်းသိရင် မတော်တဆဖြစ်ပြီး ဆုံးသွားနိုင်တယ် သေချာစဉ်းစားနော် ကိုကိုပြန်တော့မယ် မနက်ဖြန်ပြန်လာခဲ့မယ်နော်"

system 810 (Complete)Место, где живут истории. Откройте их для себя