6.6

2.9K 193 4
                                    

<Unicode>

လင်းထက်တို့ ရဲ့ဇာတ်လမ်းဟာ သုံးလပြည့်တော့ အကုန်ရိုက်ပြီးသွားလေသည်။

ရုံတင်မဲ့နေ့ ဇာတ်ကားရဲ့ လက်မှတ်ဟာ တနေ့ထဲမှာပင်အကုန်ကုန်သွားလေသည်။ ဇာတ်ကားရုံတင်ပြီးတော့ လင်းထက်တို့အတွဲနှစ်တွဲသည်နာမည်ပိုကြီးသွားကြသည်။

အရင်က သရုပ်ဆောင်မကောင်းဘူးလို့ထင်ရတဲ့ လင်းထက်ကလည်း အကုန်လုံးအံ့ဩသွားရလောက်တဲ့အထိ သရုပ်ဆောင်ပြသွားသည်။အကုန်လုံးစိတ်ထဲမှာတော့ ဘယ်သူက လင်းထက်သရုပ်ဆောင်မကောင်းဘူးလို့ သတင်းလွှင့်လိုက်လဲမသိဘူး မနာလိုတဲ့လူတွေလျှောက်ပြောတာ လို့ဘဲထင်လိုက်ကြသည်။

ရုပ်ရှင်ထုတ်လုပ်သူတွေ ကြော်ငြာရိုက်ကူးတဲ့လူတွေလည်း လင်းထက်ကိုပြန်ကမ်းလှမ်းလာကြသည်။လင်းထက်လည်း အကုန်လုံးကိုလက်ခံကာရိုက်ကူးပေးသည်။ လင်းထက်ရိုက်တဲ့ ဇာတ်ကားတွေကြော်ငြာတွေမှာတော့ အာကာယံက တနေရာမဟုတနေရာကနေ ဝင်ပါလေ့ရှိသည်။

ချစ်ရိပ်နဲ့ ဥက္ကာစိုးတို့အတွဲလည်း public တွဲကြသည်။ ချစ်ရိပ်တို့ relationship တွဲပြတာ တပတ်လောက်ကြာတော့ လိုင်းပေါ်မှာ ဂရက်တခုထလာသည်။

လင်းထက်နဲ့အတူ ချစ်ရိပ်လည်းOS entertainmentမှာ အလုပ်အတူတူလုပ်သည်။ ချစ်ရိပ်က လင်းထက်ရဲ့မန်နေဂျာ ဆိုပေမဲ့ များတော့အားဖြင့် ဥက္ကာစိုးနားမှာပိုတွေ့ရသည်။မသိရင် ဥက္ကာစိုးရဲ့အတွင်းရေးမီူးအလား....

လင်းထက်နေ့လည်စာစားချိန်ရောက်တော့ ချစ်ရိပ်နဲ့အတူတူ နီးရာစားသောက်ဆိုင်တခုကို ထွက်လာလိုက်သည်။

Entertainment ထဲကနေထွက်လာတဲ့အချိန် လူတွေက ချစ်ရိပ်ကိုကြည့်ပြီး တီးတိုးတီးတိုးနဲ့စကားတွေပြောကြပြီး နှာခေါင်းရှုံကြသည်။ပြီးတော့ အကြည့်တွေကလည်း ရွံသလိုလို မုန်းသလိုလိုကြည့်သွားကြသည်။

လင်းထက်နဲ့ချစ်ရိပ်လည်း မနာလိုလို့ကြည့်တာလို့ဘဲမှတ်ယူလိုက်ကြသည်။ စားသောက်ဆိုင်ရောက်တော့လည်း လူတွေအကုန်လုံးက ချစ်ရိပ်ကိုဘဲကြည့်ပြီး စကားတွေကို စောင်းမြောင်းပြောနေက့သည်။

system 810 (Complete)Where stories live. Discover now