6.1 ( လင်းထက်)

3.4K 188 3
                                    

<Unicode>
လရိပ် ဒီကမ္ဘာရောက်ရောက်ချင်း ကားမောင်းနေသည်။

'host အရှိန်လျော့လိုက်'

'ဘာလို့လဲ မလျော့ချင်ဘူး'

'ဒုက္ခရောက်ချင်လို့လား !!!အမြန်လျော့!!'

'လျော့ပြီကွာ '

လရိပ် ကား အရှိန်လျော့လိုက်တော့ သူ့ရှေ့တည့်တည့် ကုန်ကားတစ်စီးက သူ့ကားရှေ့ကနေဖြတ်သွားသည်။

'ဟူး တော်သေးတယ် သေတော့မလို့'

'အရင်ကမ္ဘာကလည်း ရွဲ့လို့ခံရပြီးပြီ ဒါတောင်ရွဲ့ချင်နေသေးတယ် အရင်ကမ္ဘာကရွဲ့ပြီးရေကန်ဘဲကျတာ အခုသာဆက်ရွဲ့နေရင်တော့ သေမင်းနဲ့ညားနေလောက်ပြီ host ရယ် သိပ်မရွဲ့ပါနဲ့ဗျာ စိတ်ပူလို့'

'အံမယ် ချစ်ရိပ်က ငါ့ကို စိတ်တွေဘာတွေပူပေးလို့ပါလား'

'ဖွီး ဖွီး ဘယ်ကသာ host ကိုစိတ်ပူရမှာလဲ အရင်ကမ္ဘာက ပေးထားတဲ့ကတိ မတည်လိုက်နိုင်မှာဆိုးလို့'

'ဘာ ကတိပါလိမ့်'

' ဟား host အကျင့်မပုတ်နဲ့နော် ကျနော်ကို အဆင်သုံးယောက်နဲ့ မိတ်ဆက်ပေးမယ်ဆို'

လရိပ်လည်း သူ့ကို နှုတ်ခမ်းတထော်ထော်နဲ့ လက်ပုစိတို သုံးချောင်း ထောင်ပြပြီး ပြောလာတဲ့ချစ်ရိပ်ကြောင့်

'မိတ်ဆက်ပေးပါ့မယ်ကွာ အခုလူပုံပြောင်းပြီး ငါ့ဘေးလာထိုင်'

'ဟု'

ချစ်ရိပ်လည်း အသက် ၁၉အရွယ် ကောင်လေးပုံပြောင်းကာ လရိပ်ဘေးခုံမှာ ဝင်ထိုင်လိုက်သည်။

(ချစ်ရိပ်က systemမို့ကြိုက်တဲ့ပုံစံပြောင်းလို့ရတယ်နော် ပြောင်းမရလဲ ပြောင်းလိုက်နော်😁😁)

" ချစ်ရိပ် အခုဇာတ်ကြောင်းကဘယ်ရောက်နေပြီလဲ သေခါနီးတော့မဟုဘူးမလား"

"ဟုစရာလား hostကလဲ မသေခင် ၅ မိနစ်အလိုမှာပို့ပေးတာ ကျနော်တော်တယ်မလား "

"တော်လို့ ဆုတောင်ချချင်လာပြီ"

"ဘာဆုလဲ ချလေ"

"ဒီဆုလေ"

ဆိုပြီး ချစ်ရိပ်ရဲ့ခေါင်းကို လက်ဆစ်နဲ့နှစ်ချက်ဆင့်ခေါက်လိုက်သည်။

system 810 (Complete)Where stories live. Discover now