9.5

2.7K 165 7
                                    

<Unicode>
မိုင်အွန်လည်း ငိုတာဝမှ

"အကို ကျနော်မှာလိုက်တဲ့ ကွန်ပျူတာယူလာလား"

"ယူလာတယ် ခနနော် ရော့ဒီမှာ ကြိုက်လား"

လတ်စီချိုင်လည်း သူ့အိတ်ထဲက ကွန်ပျူတာ laptop ကိုယူပေးလိုက်သည်။

"ကျေးဇူးပါ အကို ဟို အကိုဗိုက်မဆာသေးဘူးလား ရေသွားချိုးတော့လေ ပြီးရင် ထမင်းအတူတူစားရအောင်"

"အင်းပါ အဲ့ဆို အကိုအခန်းပြန်တော့မယ်"

မိုင်အွန်လည်း လတ်စီချိုင်ထွက်သွားတော့
Laptop ကိုဖွင့်လိုက်ပြီး ကြည့်လိုက်သည်။အကုန်အဆင်ပြေတာတွေ့ရမှ lock ထည့်ကာ ကုတင်ဘေးကစားပွဲပေါ်မှာတင်ထားလိုက်သည်။

အောက်ထပ်ရောက်တော့ ထမင်းစားခန်းမှာ အွန်ဝါကထိုင်နေပြီး ရေသောက်နေသည်။မိုင်အွန်လည်း အွန်ဝါဆီသွားလိုက်ပြီး ရောက်ခါနီးမှာ ခလုတ်တိုက်ချင်ယောင်ဆောင်ပြီး အွန်ဝါကိုတိုက်လိုက်သည်။

အွန်ဝါလည်း ရေတွေသီး သွားပြီး ချောင်းတွေတဟွတ်ဟွတ်ဆိုးနေတော့သည်။ပြီးတော့ မိုင်အွန်ကိုလက်ညိုးထိုးကာ

"နင် ကဲဟာ ဖြောင်း လမ်းလျှောက်တာ လူလိုမလျှောက်တတ်ဘူးလားဒီမှာ ကြည့်အုံး
အကျီတွေစိုကုန်ပြီ"

"ကျနော်တမင်လုပ်တာ မဟုပါဘူး မတော်တဆဖြစ်သွားတာ"

သူတို့စကားများနေတဲ့အချိန်မှာဘဲ လတ်စီချိုင် ဆင်းလာသည်။

"ဘာဖြစ်နေကြတာလဲ အွန်ဝါ ဘာလို့ရေတွေစိုနေတာလဲ"

"ဟင့် ကိုကို အွန်ဝါရေသောက်နေတာကို မိုင်အွန်က လာတိုက်လိုက်လို့ စိုကုန်တာ ပြီးတော့ အွန်ဝါရေလည်းသီးသွားတယ်"

"မိုင်အွန် လမ်းကိုကြည့်လျှောက်လေ အခုကြည့်အုံး အွန်ဝါ အကျီတွေစိုကုန်ပြီ ဘယ်လိုလုပ်မလဲ"

"သွားလဲလိုက်ပေါ့လို့ မဟုရင်ကျနော်က အမအွန်ဝါရဲ့အကျီကိုလျှော်ပေးရမှာလား"

"အမက မိုင်အွန်ကိုခိုင်းတာတော့မဟုပါဘူး အမအဝတ်ကိုသွားလျှော်ပေးပါလား စက်နဲ့က အဆင်မပြေဘူးလေ ပြီးတော့ ကြီးကြီးအပြင် အိမ်အကူတွေကလည်း အကုန်လုံးက အွန်ဝါထက်အသက်ပိုကြီးကြလို့လေ လျှော်ပေးနော် မိုင်အွန်"

system 810 (Complete)Where stories live. Discover now