5.4

3.6K 206 30
                                    

<Unicode>
လင်အာလည်း မင်းကြီးအရင်စကားပြောတာသူ့ကိုမဟုဘဲ ရှောင်လင်းမေကို အရင်ပြောတာကြောင့် ဝမ်းနည်းလာပြီး မျက်ရည်တွေထွက်ကျလာသည်။

မျက်ရည်တွေကို လူတွေမြင်မှာဆိုးလို့ အပြင်ကိုအမြန်ပြေးထွက်လာလိုက်သည်။

'အီးဟီး ချစ်ရိပ် ကိုကိုက တကယ်ဘဲ ငါ့ကိုမချစ်တော့တာလား ငါ့ကိုလည်းကြည့်တောင်မကြည့်ဘူး ဗြဲ'

'ဆေးရှိန်မပြယ်သေး‌လို့နေမှာပေါ့'

'ဟင့် ကိုကိုတွေမကောင်းဘူး အဖွားကြီးရုပ်ကိုမြင်ပြီး ငါ့လိုနတ်သားလေးကိုပြစ်ထားတယ်'

' ငိုးမ host ဂုဏ်လာဆာနေသေးတယ်'

လင်အာလည်း ချစ်ရိပ်နဲ့စကားပြောနေရင်း ရှေ့က ရေကန်ကိုမတွေ့ဘဲ ဇွတ်ပြေးနေတော့သည်။ မျက်ရည်တွေနဲ့မို့အမြင်တွေကသိပ်မကြည်တော့ဘူး

'host ဇွတ်ပြေးမနေနဲ့ ရှေ့ကိုလည်းကြည့်လျှောက်အုံး '

'မကြည့်ဘူးကွာ ဘာဖြစ်လဲ ဇွတ်ပြေးတော့ ဘာဖြစ်လဲ ချစ်ရိပ် သူတောင်းစားရဲ့'

လင်အာလည်း ချစ်ရိပ်ကို ပြန်ပြောနေပြီးရွဲ့ကာ မျက်စိမှိတ်ပြီး ဇွတ်ပြေးပြလိုက်သည်။

"ဝုန်း ဗွမ်း"

'ဂုဏ်ယူပါတယ် host မျက်စိမှိတ်အပြေးပြိုင်ပွဲမှာ ပထမရရှိသွားပါပြီ ဆုလဒ်အနေနဲ့ ရေကန်ထဲက ရေတွေကိုအလကားစိတ်ကြိုက်သောက်သုံးနိုင်ပါပြီ'

'fuck ဘဲ ချစ်ရိပ် သတိလေးဘာ‌‌လေးပေးပါလား အဟွတ် အဟွတ်'

"ကလေး!!!.."

ဝမ်ရှောင်းယွမ် လည်း ကလေးကမျက်ရည်တွေနဲ့အပြင်ကိုပြေးထွက်သွားတာကြောင့်စိုးရိမ်စိတ်နဲ့အမြန်ပြေးလိုက်လာပေမဲ့နောက်ကျသွားလေသည်။

ကလေးရေကန်ထဲပြုတ်ကျသွားတဲ့အချိန်ရေကန်ထဲကိုအမြန်ခုန်ဆင်းလိုက်ပေမဲ့
ကလေးကရေတွေမွန်းနေပြီ

"ကလေးရယ် ဘာလို့ရေကန်ထဲခုန်ချရတာလဲ ရေတွေမွန်းနေတော့မှာဘဲ"

"မသာကြီး သွားအခုမှ လာပြောမနေနဲ့ ခုနကကြ ရုပ်ဆိုးတဲ့အဖွားကြီးကိုဘဲ ကြည့်နေပြီးတော့ အီးဟီး ခများကို မချစ်တော့ဘူး အသစ်ဘဲရှာတော့မယ် ဗြဲ"

system 810 (Complete)Where stories live. Discover now