5.8 end

3.5K 195 1
                                    

<Unicode>
မင်းကြီးလည်း အိပ်ဆောင်ထဲအမြန်ဝင်လိုက်ပြီး သူ့ကလေးနဖူးလေးကို နမ်းကာ

"ကျေးဇူးတင်ပါတယ် ကိုကို့အတွက်မျိုးဆက်လေးမွေးပေးလို့ ပင်ပန်းသွားပြီ နားလိုက်အုံးနော် ကိုကို ကလေးကြည့်ပေးထားမယ်"

"ဟု ကိုကို ကလေးနို့တိုက်ပြီးမှ နားလိုက်တော့မယ် လာပါအုံး ကလေးကိုဖက်ထားပေး ကို့ကိုရင်ခွင်ထဲ အိပ်ပြီး ကလေးကိုနို့တိုက်ချင်လို့"

လင်အာ ပြောလိုက်တော့ ဝမ်ရှောင်းယွမ်လည်း ကုတင်ပေါ်တက်လာကာ လင်အာကို နောက်ကနေသိုင်းဖက်လိုက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ကိုကို ကျနော် ကလေးမွေးတဲ့အထိန်းအမှတ်အနေနဲ့ တိုင်းပြည်တခုလုံးကို နန်းတော်ထဲဖိတ်ချင်တယ်ပြီးရင် ပျော်ပွဲရွှင်ပွဲလည်းလုပ်ချင်တယ် ပြီးတော့ မေမေတို့နဲ့လည်း တွေ့ချင်တယ်"

"ကလေးသဘောအတိုင်း အကုန်လုံးဖြစ်စေရမယ်ဗျာ နောက်တပတ်ကြရင် တိုင်းပြည်တခုလုံးကို နန်းတော်ထဲဖိတ်လိုက်‌မယ်နော် ကလေးမိသားစုကိုတော့ မနက်ဖြန်ခေါ်ခိုင်းလိုက်မယ်"

"ဟု ကိုကို"

လင်အာလည်း ကလေးကိုနို့တိုက်ပြီး အထိန်းတော်နဲ့ထားကာ သူကတော့ ကိုကို့ ရင်ခွင်ထဲ ဝင်ပြီး အိပ်စက်နေတော့သည်။

(ကလေးအတွက် so sad)

မနက်ရောက်တော့ ဝမ်ရှောင်းယွမ်ပြောထားတဲ့အတိုင်း သူ့မိဘတွေနဲ့သူ့အကို က သူ့ဆီလာတွေ့ကြသည်။

"သားလေး နေရထိုင်ရတာအဆင်ပြေရဲ့လား"

"ပြေပါတယ်မေမေ"

" အမေ့မြေးလေးကိုကြည့်ပါရစေအုံး"

ရန်သခင်မကြီးလည်း လင်အာလက်ကနေ သူ့မြေးလေးကို ပွေ့ယူလိုက်ပြီး

"အမလေးလေး ချစ်ဖို့ကောင်းလိုက်တာ လုံးကစ်နေတာဘဲ ဖေကြီးရယ်ရှင့်မြေးကိုကြည့်လိုက်အုံး ချစ်စရာလေး"

"ဟုပ မေကြီးရေ သားငယ်ငယ်က အတိုင်း‌ပါးလေးတွေဖောင်းဖောင်းနဲ့ မျက်လုံးလေးကလည်း သူ့အဖေတိုင်းစူးရှနေတာဘဲ ဘုရင့်သွေးပါတယ်လို့ကိုမ‌ပြောရဘူး အကြည့်တွေက ဝမ်မင်းကြီးလိုဘဲ"

system 810 (Complete)Tempat cerita menjadi hidup. Temukan sekarang