6.7

2.9K 191 14
                                    

<Unicode>
Comment တခုရလို့ တပိုင်းတင်ပေးလိုက်ပြီ

"တူ.....တူ.....တူ.."

"ဟဲလို baby"

"ဘာမှ မဟဲလိုဘူး ခများရဲ့အကိုဆိုတဲ့
ဥက္ကာစိုးကိုခေါ်ပြီး silent bar ကိုအခုချက်ချင်းလာခဲ..တောက်!!."

လင်းထက်လည်းဖုန်းချကာ ချစ်ရိပ်ကိုခေါ်ပြီး သူတို့ပိုင်တဲ့ silent bar ကိုထွက်လာလိုက်သည်။

bar က နာမည်နဲ့လိုက်အောင် အသံတိတ်သည်။သီချင်းကလည်းဆွေးဆွေးလေးကို တီးလုံးသာ အမြဲဖွင့်ထားသည်။လာတဲ့လူတွေကလည်း အသဲကွဲတဲ့သူ အေးဆေးနေချင်တဲ့သူ ရည်းစားနဲ့ဝေးနေလို့ ခံစားနေရတဲ့လူ တွေဘဲ လာကြသည်။

ဒီ bar ရဲ့အောက်ထပ်မှာကြတော့ ဒီတိုင်းသီချင်းလာသောက်ကြတဲ့လူတွေအတွက်ဘဲ...အပေါ်ထပ်မှာတော့ သီးသန့်နေချင်တဲ့လူတွေအတွက် အသံလုံအခန်းတွေရှိတယ်...

ဒီ bar က တသီးတသန့်နေချင်တဲ့လူတွေအတွက်တော့ကွက်တိဘဲ...

လင်းထက်တို့ bar ရောက်ပြီး ၁၀ မိနစ်လောက်ကြာတော့ အာကာယံနဲ့ ဥက္ကာစိုးတို့ရောက်လာကြသည်။လင်းထက်လည်းကျန်တဲ့သုံးယောက်ကို အပေါ်ထပ်ရဲ့နောက်ဆုံးထောင့်အကျဆုံးအခန်းဆီခေါ်လာလိုက်သည်။

အခန်းထဲရောက်တော့ ဝင်ဝင်ချင်း lock ချကာ ဥက္ကာစိုးကို လက်သီးစာကျွေးလိုက်သည်။

"တောက်!!  ခများကြောင့်ကျနော့်ညီလေးမျက်ရည်ကျရတာ ခွပ်..ခများကြောင့် ကျနော့်ညီလေး သူများတွေပြောတာခံရတာ ခွပ်...ငါးရံ့နှစ်ကောင်ဖမ်းချင်တဲ့ကောင် ခွပ်..လူစိတ်မရှိတဲ့ကောင် ခွပ်.."

(ခွပ်က လက်သီးနဲ့ထိုးလို့ထွက်လာတဲ့အသံပါ ဘလိုအသံထွက်လဲမသိဘူး ရန်မဖြစ်ဖူးလို့😁😁🤭)

လင်းထက်လည်း ဥက္ကာစိုးရဲ့မျက်နှာကို ၁၀ချက်လောက်လက်သီးနဲ့ထိုးလိုက်တော့ဥက္ကာစိုးရဲ့မျက်နှာမှာ သွေးတွေထွက်လာသည်။

အာကာယံလားကူဆွဲဖို့နေနေသာသာ သူ့ baby လေးရဲ့ပုံစံကိုသာ ချစ်ရည်ရွှမ်းတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေသည်။

အာကာယံစိတ်ထဲတွင်
'ကိုကို့ baby လေးက ဒေါသထွက်နေလဲ ကျားပေါက်လေးလိုဘဲ ချစ်စရာလေး'
လို့တွေးနေသည်။

system 810 (Complete)Where stories live. Discover now