9.7

2.7K 166 3
                                    

<Unicode>
အာထီရက်နဲ့ မိုင်အွန်တို့ အိမ်ရောက်တော့ တံခါးဝမှာ အာထီရက်ရဲ့မိခင်က သူတို့ကိုစောင့်နေသည်။ဘာလို့လဲဆိုတော့ အာထီရက်လမ်းမှာ သူ့အမေကိုဖုန်းဆက်ပြီး အမေ့သမက် ပါလာတယ်ပြောထားလို့စောင့်နေခြင်းဖြစ်သည်။အာထီရက်မှာက အဖေမရှိတော့ဘူး ဒါပေမဲ့သူ့အဖေက သူတို့သားအမိကို ဆယ်ဘဝ စားမကုန်နိုင်တဲ့စည်းစိမ်တွေထားပေးခဲ့သည်။သူ့အဖေလုပ်ငန်းတွေကို အာထီရက်ပြန်ဦးစီးတော့ အရင်ကထက်ပိုအောင်မြင်လာသည်။

သူတို့လာတာကို အာထီရက်အ‌မေတွေ့တော့

"သား လာပြီလား ဒါလေး‌က သားပြောတဲ့အမေ့သမက်ဆိုတာလား ကြည့်ပါအုံးချစ်စရာလေး လာ လာ ထိုင်ကြအုံး"

အာထီရက်အမေလည်း မိုင်အွန်ကိုလက်ကဆွဲပြီး ဧည့်ခန်းဆီခေါ်လာလိုက်သည်။

"ဟုတယ်အမေ baby က အခုကစပြီး ဒီအိမ်မှာနေလိမ့်မယ် "

"အဲ့ဆိုအမေ အခန်းပြင်လိုက်အုံးမယ်နော်"

"အဟမ်း ရတယ်အမေ baby က သားနဲ့အတူတူနေမှာ "

"အင်းပါ ဒါဆို နားလိုက်ကြအုံး"

မိုင်အွန်နဲ့ အာထီရန် လည်း အခန်းဆီတက်လာလိုက်သည်
အခန်းရောက်တော့ မိုင်အွန်က သူယူလာတဲ့ ကွန်ပျူတာကို စားပွဲပေါ်တင်လိုက်ပြီး

"ကိုကို ကျနော် ရေချိုး ချင်တယ်"

"ဟိုအခန်းမှာ ဝင်ချိုးလိုက်နော် ကိုကို အဝတ်အစားထုတ်ထားပေးမယ်"

"ဟု ကိုကို "

မိုင်အွန်လည်း အဝတ်အစားတွေချွတ်လိုက်ပြီး ရေချိုးခန်းဆီဝင်သွားလိုက်သည်။ကျန်ခဲ့တဲ့ အာထီရန်ကတော့ အတွေးတွေမှောင်မိုက်နေတော့သည်။

မိုင်အွန်လည်း ရေချိုးပြီး ထွက်လာတော့ ကုတင်ပေါ်မှာ သူ့အတွက်အဝတ်အစားတွေ အဆင်သင့် ထုတ်ထားတာတွေ့လိုက်ရသည်။

သူလည်း အဝတ်အစားတွေဝတ်ပြီးတော့ ကွန်ပျူတာဖွင့်ကာ လတ်စီချိုင်ရဲ့  SI company ရဲ့ အချက်အလက်တွေကို ဝင်ကြည့်လိုက်သည်။

သူဝင်ကြည့်နေတဲ့အချိန်မှာဘဲ အခန်းတံခါးကပွင့်လာသည်။‌ အောက်ပိုင်းကိုတပတ်တထည်ဘဲပတ်ထားတဲ့ အာထီရန်ရဲ့ ခန္ဓာကိုယ်က မိမိုက်လွန်းသည်။

system 810 (Complete)Where stories live. Discover now