1.3

5K 306 0
                                    

လွမ်းဧကရီ အမေတို့အိမ်ရောက်တော့ ဧည့်ခန်းက  ရီသံတွေ ကြားလိုက်ရတော့ အံဩသွားတယ် ဧည့်ခန်းထဲအမြန်ဝင်ကြည့်တော့ အဖေရယ် အမေရယ် မောင်လေးရယ် CEO ရယ် အကုန်လုံးက ရီနေကြတယ်

သူမအိမ်မက်မက်နေတာလား အမေက အဖေ့ကို ခွင့်လွှတ်လိုက်ပြီလား သူမကြောင်ရပ်နေမိတယ်

"အမ လာလေ ဒီမှာ အဖေရော ရောက်နေတယ်"
"အ အ အမေ အဖေကို ခွင့်လွှတ်လိုက်ပြီလား"
"အမေ တောင်းပန်ပါတယ် သမီးရယ် အမေ တကိုယ်ကောင်းဆန်ပြီး မစူးစမ်းမဆင်ခြင်ဘဲ လုပ်မိတာကြောင့် အမေ့ သားနဲ့သမီး ဒုက္ခရောက်ရတာ အမေတောင်းပန်ပါတယ် သမီးရယ်"

"အမေဘလိုဖြစ်သွားတာလဲ သမီးကိုပြောပြပါအုံး သမီးအခုထိမယုံနိုင်သေးလို့"

"ကဲ သားလွမ်းလေးကဘဲ ပြောပြလိုက်တော့"

Flash back

ညအလွမ်း  အိမ်ကိုပြန်ဖို့ bus stop မှာကားစောင့်နေတဲ့အချိန် တယောက်ယောက်စောင့်ကြည့်နေသလို ခံစားလိုက်ရတယ်
ဘေးဘီကိုကြည့်လိုက်တော့ ကားအမဲတစ်စီးရပ်နေပြီး ကားပေါ်က လူက သူ့ကိုစိုက်ကြည့်နေတာ တွေ့လိုက်တယ်
'ချစ်ရိပ် ကားပေါ်က လူက ဘယ်သူလဲ ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲဟ'
'အဲ့ဒါ ညအလွမ်းရဲ့ အဖေပါ host သူက အမြဲhostတို့မောင်နှမ နှစ်ယောက်ကို လိုက်ကြည့်နေတတ်တယ်'

သူလည်း bus car ရောက်လာလို့ bus car ပေါ်တက်လိုက်တယ်

သူဆင်းရမဲ့နေရာရောက်တော့ Bus car က ဆင်းပြီး လမ်းကြားထဲ ဝင်လိုက်တယ် ဒီလမ်းကြားက ဖြတ်ပြီးလမ်းလျှောက်မှအိမ်ပြန်ရောက်တာကို

သူ ဒီလမ်းကြားထဲ ဖြတ်တော့ စိတ်ထဲမှာ တမျိုးကြီး ဘဲ ကြောက်ပြီး ခြေထောက်တွေ လက်တွေ တုန်ပြီး ချွေးတွေပြန်လာတယ်

'ချစ်ရိပ် ငါဘာလို့ဒီလောက်တောင်ကြောက်နေရတာလဲဟင်'
'ဟို ဒီလမ်းကြားက ညအလွမ်းသေသွားခဲ့တဲ့နေရာပါ ဟိုးအမှောင်ရိပ်မှာ host ကိုသတ်ဖို့ လူရောက်နေပါတယ်'
'ဟမ် ငါ့ကို သတ်ဖို့ အခုမှ ပြောရလား သူတောင်းစား ရ ငါဘယ်လိုလုပ်ရတော့မလဲ'

ညအလွမ်းလည်း ပြန်လှည့်ပြေးဖို့ ပြင်လိုက်ချိန်မှာဘဲ အမှောင်ထဲက လူတွေထွက်လာပြီး ဝိုင်းချုပ်ထားလိုက်တယ်

system 810 (Complete)Where stories live. Discover now