9.6

2.7K 182 24
                                    

<Unicode>
"မျက်ရည်တွေသုတ်လိုက်အုံး"

မိုင်အွန်လည်း မျက်ရည်တွေနဲ့မော့ကြည့်လိုက်တော့ အသက် ၂၅ လောက်ရှိတဲ့
ယောကျားလေးတယောက်က အမဲရောင် suit  အပြည့်နဲ့ရပ်နေတာပြီးရပ်နေပြီး သူ့ကိုလက်ကိုင်ပုဝါလှမ်းပေးနေတာကိုတွေ့လိုက်ရသည်။

သူလည်း လက်ကိုင်ပုဝါကိုမယူဘဲ ‌လူပေါ်ခုန်တက်လိုက်ပြီး

"ကိုကို က baby ကိုအကြာကြီးပြစ်ထားတယ်"

"ဟမ်"

"ဘာကြောင်ကြည့်နေတာလဲ ပုဇွန်အခွံခွာပေးအုံး"

"Baby သဘောပါဗျာ ခွာပေးမယ်"

အာထီရက် လည်း သူ့ baby သဘောကျအခွံခွာပေးလိုက်သည်။

အာထီရက် ဒီနေ့ သူ့ပိုင်ဆိုင်မှုထဲ က တခုဖြစ်တဲ့ AT shopping mall ဆီလာတော့ အဝတ်အစားတွေလိုက်ရွေးနေတဲ့ ဖြူဖြူလုံးလုံးလေးကိုတွေ့လိုက်ရတာကြောင့် သူ့အတွင်းရေးမှူးကိုပုံပြပြီး စုံစမ်းခိုင်းလိုက်ပြီး အနောက်ကနေလိုက်ကြည့်နေမိသည်။

အဝတ်အစားတွေဝယ်ပြီး စားသောက်ဆိုင်ရောင်းတဲ့အထပ်မှာ အစားအ‌သောက်တွေ မှာပြီး ပုဇွန်ဟင်းကိုကြည့်ကာ မျက်ရည်တွေကျလာသည်။

သူလည်း ပုဇွန်ဟင်းက မကောင်းလို့ငိုတယ်ထင်ပြီး စားဖိုမှူးကိုအလုပ်ထုတ်ဖို့ပြင်တဲ့အချိန်မှာဘဲ သူ့ baby ဟုတယ် စတွေ့တည်းက baby လို့ဘဲခေါ်ချင်ခဲ့တာ ဘာလို့မှန်းမသိ ပြီးတော့ ရင်းနှီးတာကလည်း အကြာကြီးရှိနေပြီထင်ရသည်။သူ့ baby က မျက်ရည်တွေနဲ့ ငိုပြီး ပုဇွန်ကိုအခွံခွာစားနေသည်။

သူလည်းကြည့်မနေနိုင်တော့တာကြောင့် အနားသွားပြီး လက်ကိုင်ပုဝါကမ်းပေးတော့ သူ့ကို‌ မော့ကြည့်လာပြီးနောက်

လက်ကိုင်ပုဝါကိုမယူဘဲ ‌လူပေါ်ခုန်တက်လာပြီး

"ကိုကို က baby ကိုအကြာကြီးပြစ်ထားတယ်"
တဲ့ ကိုလည်းကြောင်ပြီး ဟမ်ဆိုတဲ့အသံဘဲ ထွက်လာသည်။

ပုဇွန်ခွာဖို့ပြောလာတာကြောင့် suit မှ အားမနာ သူ့ baby ကို ကြွတ်ကြွတ်အိပ်လက်အိတ်ကိုစွပ်ပြီးပုဇွန်ခွံခွာကျွေးလိုက်တော့ တမြုံမြုံ‌နဲ့ပါးတွေဖောင်းအောင်စားနေတာက ကလေး‌လေးလိုချစ်စရာအတိ

system 810 (Complete)Where stories live. Discover now