<Unicode>
ငြိမ်းလည်း စောင်ကို အထပ်လိုက် ဟိန်းရဲ့အောက်ပိုင်းကို အုပ်ပြီးအခန်းထဲကပြေးထွက်သွားသတဲ့ သဘောက သူရှက်တယ်ပေါ့အခန်းပြင်ရောက်မှာ အသက်ကိုဝဝရှုကာ မျက်နာနီနီနဲ့ဘဲ မီးဖိုချောင်ထဲဝင်သွားလိုက်ပြီး ဟိန်းအတွက် ထမင်း ဟင်းချက်နေလိုက်သည်။
အခန်းထဲက လေဖြတ်နေရှာတဲ့ ဦးဟိန်းစိုးကလည်း ကိုကိုယ်တိုင်တောင်မသိဘဲနဲ့ အားရပါးရ ရီနေမိသတဲ့
အဲ့အချိန် အပြင်ကပြန်လာတဲ့ နှင်းစက်လည်း ရီသံကိုကြားလိုက်ပြီး သရဲခြောက်တယ်ထင်ကာ အခန်းထဲဝင်ပြီး ခေါင်းမြီးခြုံကာ ခန္ဓာကိုယ်တခုလုံးတုန်နေသတဲ့
( So sad😆😆)ဘာလို့ရီသံကြားရင် ကြောက်နေလဲ ဆိုတော့ မနက်က မိုးတိမ်နဲ့ ကလပ်မသွားချင်တော့တာကြောင့် စိတ်လှုပ်ရှားအောင်ဆိုပြီး ရုပ်ရှင်ရုံမှာသရဲကားသွားကြည့်လာပါတယ် အဲ့ဇာတ်ကားထဲကသရဲမရီသံကိုနားထဲစွဲနေအောင်ကြောက်သွားသည် ဇာတ်ကားအမြန်မပြီးလို့ မိုးတိမ်ကိုတောင်မစောင့်ဘဲ taxi နဲ့ပြန်လာလိုက်တာအိမ်ရောက်တော့ ရီသံပြန်ကြားလိုက်ရတာကြောင့် သရဲမအိမ်ထိလိုက်လာတယ်ထင်သွားပြီး တုန်နေအောင်ကြောက်တာပါ
( ဘာတွေရေးနေမိလဲမသိဘူး😆😆)
ငြိမ်းလား သူကတော့ ခုနက ကိစ္စကို ပြန်ပြန်တွေးပြီး မျက်နှာပူနေတာကြောင့် တည်ထားတဲ့ဟင်းအိုးတောင်မဲတူးသွားသည်
' host !!!'
' အမလေး အမြတ်တနိုးထား ကိုကိုနဲ့ငါနဲ့ညား လန့်တာ ချစ်ရိပ်ရယ် ဘာလို့အော်နေတာလဲ'
' ဘာတွေတွေးနေတာလဲ ဒီလောက်အော်ခေါ်နေတာကို ဟင်းအိုးကြည့်အုံး စိတ်လေတယ်'ငြိမ်း ဟင်းအိုးကို ကြည့်လိုက်တော့ မီးခိုးတွေတောင်ထွက်နေပြီ
'တော်သေးတယ် အိမ်မီးမလောင်သေးလို့ မဟုရင် ငါမီးသွေးခဲလိုမဲပြီးမသာပေါ်သွားရင် ဝိညာဉ်လောကမှာ ငမဲကောင်ဆိုပြီး အနှိမ်ခံရတော့မလို့'
' စိတ်လေတယ် ဒီ host နဲ့ ကျပ်ရောပြည့်ရဲ့လား'
ငြိမ်းလည်း မီးတွေအမြန်ပိတ်ပြီး ဟင်းအသစ်ပြန်ချက်လိုက်သည် ဟင်းကျက်တော့ ထမင်းဗန်းနှစ်ခု ကိုင်ပြီး ဟိန်းအခန်းထဲဝင်လာလိုက်သည်
YOU ARE READING
system 810 (Complete)
RomanceSystem နဲ့ချိတ်ဆက်ပြီးမှ fa ဘဝကနေလွတ်မြောက်ခဲ့သော လရိပ် Start date 20.6.2023 End date. 5.8.2023