4.8

3.1K 190 0
                                    


<Unicode>
A city ကိုရောက်တော့ zombies တွေနေရာတိုင်းမှာ ပြည့်နေသည်ကို တွေ့လိုက်ရသည်။ A city ကို ဝင်လာတဲ့တလျှောက်လုံး လူးစ်နဲ့ ကယ်လိုရာက မီးစွမ်းအင်သုံးပြီးတိုက်နေကြသည်။ မိုက်နဲ့လိုက်ကလည်း လေ စွမ်းအင်သုံးပြီးတိုက်နေကြသည်။ ချစ်ရိပ်လား သူ‌ကတော့ သူ့ကိုကိုနား ကပ်ပြီး အသားယူ‌နေသည်။

တလမ်းလုံး ကိုကို နေရာ လုလာတာ ကယ်လိုရာက သူကိုကိုမလုပ်ရရင် ပြန်မချစ်ဘူး ဆိုတာကြောင့် မက်ခဲ့သမျှ စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်လိုက်ပြီး ကလေးအဖြစ်နဲ့သာ နေလိုက်တော့သည်။

"ဒီညတော့ ဒီတိုက်မှာဘဲ နားလိုက်ပြီး မနက်ဖြန်မှ Zombies စဖြစ်တဲ့နေရာကို ဆက်ရှာရအောင်"

"ဟု"⁴

လူးစ်လည်း သူတို့အကုန်လုံးကို ဒိုင်းနဲ့ကာလိုက်ပြီး ညစာ စားကာ အိပ်စက်လိုက်ကြသည်။

မနက်ရောက်တော့ အစာခြောက်နဲ့ဗိုက်ဖြည့်လိုက်ကြပြီး zombies စဖြစ်တဲ့နေရာကိုရှာဖို့ထွက်လာလိုက်ကြသည်။

သူတို့အကုန်လုံးကို ဒိုင်းကာနဲ့ ကာကွယ်ထားတာကြောင့် ကိုက်ခံရမှာတော့မပူရဘူး သူတို့ လိုက်ရှာနေရင်း တနေရာရောက်တော့ zombies တွေပြည့်နက်နေတဲ့ ကုမ္ပဏီတခုကိုတွေ့လိုက်ရသည်။

"ချစ်ရိပ် ဘာလို့ ဒီနေရာမှာ Zombies တွေ ပိုများနေတာလဲ"

"ကျနော်တော့ zombies တွေစဖြစ်တဲ့နေရာလို့ထင်တယ်"

"ဝင်ကြည့်ရအောင် အားလုံးသတိထားကြ"

လူးစ်ပြောလိုက်တော့ သူတို့အကုန်လုံးလည်းကုမ္ပဏီထဲကို အတူတူဝင်လာလိုက်ကြသည်။

သူတို့လေးယောက်လုံး တိုက်ခိုက်ပေမဲ့ zombies တွေများလွန်းတာကြောင့် အခုထိ မြေညီထပ်မှာဘဲ ဒိုင်းစွမ်းအင်က King အဆင့်သာမဟုရင် အကုန် zombiesဖြစ်နေလောက်ပြီ

"ချစ်ရိပ် နင့်ကိုကို နားဘဲ ကပ်မနေနဲ့ နည်းနည်းပါးပါးကူတိုက်အုံး"

"ကျနော်မှ မတိုက်တတ်တာ စွမ်းအင်လည်းရှိမှ မရှိတာကို"

လူးစ်တော့ ကယ်လိုရာနားဘဲ ကပ်နေတဲ့ ချစ်ရိပ်ကို စိတ်ထဲကနေအကြိမ်တထောင်လောက်ကျိန်ဆဲပြီး မျက်စောင်းလှမ်းလှမ်းထိုးနေသည်။ချစ်ရိပ်ကလည်း တိုက်ခိုက်နေတဲ့သူ့ကိုကိုနားဘဲ ကပ်နေပြီး ခါးကို‌ နောက်ကနေလိုက်ဖက်တွယ်နေတာ တောက်တဲ့လိုဘဲ

system 810 (Complete)Where stories live. Discover now