system space

2.5K 154 14
                                    

<Unicode>
"system space  ကနေပြန်လည်ကြိုဆိုပါတယ် ကမ္ဘာအကုန်ပြီးသွားပြီမို့ host ရဲ့မူရင်းကမ္ဘာကိုပြန်လို့ရပါပြီ"

"တကယ်ပြန်ရတော့မယ်ပေါ့"

"ဟု ပြီးတော့ ပညာရပ်တွေထဲက သုံးခုကိုလည်းလက်‌ဆောင်အဖြစ်ထည့်ပေးလိုက်ပါမယ် ဘာတွေယူမလဲ"

"အတိုက်အခိုက်၊ စီးပွားရေး ၊ hacking ယူမယ်"

"ထည့်ပေးလိုက်ပါပြီ နှုတ်ဆက်ပါတယ် host ...host နဲ့အတူရှိခဲ့တဲ့အချိန်တွေက တကယ်ပျော်ဖို့ကောင်းခဲ့ပါတယ် အမှတ်တရတွေလဲအများကြီးရှိခဲ့တာမို့ အမြဲသတိရနေပါမယ်"

"ငါလည်းနင့်ကိုအမြဲသတိရနေမှာပါ ကျေးဇူးတင်ပါတယ် အရာအားလုံးအတွက် လာပါအုံး ဖက်ထားချင်လို့"

ချစ်ရိပ်နဲ့ လရိပ်လည်း ငါးမိနစ်လောက်ဖက်ပြီး အချင်းချင်းနှုတ်ဆက်နေကြသည်။

"host  ကံတရားစီမံရေးနတ်ဆီသွားပြီး host ကမ္ဘာဆီပြန်တော့နော်"

"ဟင်း ကံတရားစီမံရေးနတ်ဆီ ငါမှ မသွားတက်တာ"

"ဟီး ဟုသားမေ့သွားလို့ ပေါ်လာတဲ့အဖြူရောင်တံခါးကနေဝင်သွားလိုက်တော့နော် လိုက်မပို့တော့ဘူး တခြား host တွေဆီသွားရအုံးမှာမို့ ဘိုင်ဘိုင်"

"ဘိုင်ဘိုင်"

လရိပ်လည်း ပေါ်လာတဲ့အဖြူရောင်တံခါးကနေဝင်သွားတော့ အလင်းစူးစူးတွေက သူ့မျက်လုံးဆီ လာစူးတာကြောင့် မျက်လုံးမှိတ်လိုက်ပြီး ညာလက်နဲ့ ကာလိုက်သည်။

မျက်လုံးပြန်ဖွင့်ကြည့်တော့ သူ့လိုဝိညာဉ်အများကြီးတန်းစီနေတာကိုတွေ့လိုက်ရသည်။

ထိုင်ခုံတခုမှာ‌‌တော့ဝိညာဉ်တွေကိုစစ်မေးပြီးစာရင်းတွေလုပ်နေတဲ့ ကံတရားစီမံ‌ရေးနတ်မင်းကထိုင်နေသည်။

ဝိညာဉ်ဆယ်ယောက်ပြီးတော့ သူ့အလှည့်ရောက်လာသည်။

"နာမည်"

"လရိပ်"

"အသက်"

"၂၀"

"ဘာလို့ဝိညာဉ်ဖြစ်သွားတာလဲ"

"ကားတိုက်ခံရလို့"

" ဒီ system မှာ ဖူးစာရှင်တွေ့ခဲ့လား"

system 810 (Complete)Où les histoires vivent. Découvrez maintenant