7.5

3.1K 188 3
                                    

<Unicode>
ထယ်ဟွန်းလည်း စိတ်ကောက်သွားတဲ့သူ baby ကို ဘလိုချော့ရမှန်းမသိတော့ ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ပြီး နှုတ်ခမ်းလေးကို ပြွစ် ဆိုပြီး တချက်နမ်းလိုက်သည်။

(🤭🤭🤭)

" ဟာ ကိုကို လူကြီးတွေရှေ့မှာ..."

"ဘာဖြစ်လဲ သူတို့လဲ အတွဲတွေရှိတာဘဲကို ကိုကိုက ဘလိုချော့ရမှန်းမှမသိတာကိုလို့ "

ထယ်ဟွန်းလည်း မျက်နှာကို တက်နိုင်သလောက်ငယ်ထားပြီး နှုတ်ခမ်းလေးကိုဆူကာ ပြောနေလိုက်သည်။

"တော်ပြီ တော်ပြီ နောက်နှစ်ရက်လောက်မှ လက်ထပ်ရအောင်နော် "

"Baby သဘော "

ထိုအခါမှ ထယ်ဟွန်းမျက်နှာလည်း ပြုံးလာတော့သည်။

ဂျယ်ယောင်းအမေ လီမီယောင်းလည်း

"ငါ့တို့ကို ရက်ရွေးခိုင်းတာမဟုဘူးလား သူတို့ဘဲပြောနေကြတယ်"

"ဟုပ မီယောင်းရယ် ငါ့သားကလည်း မျက်နှာက ကြက်ချီးနင်းထားသလိုလုပ်ပြီး ကလေး‌လို နှုတ်ခမ်းကဆူလိုက်သေးတယ် ဒါငါ့သားမှ ဟုရဲ့လား  "

မြောင်ထယ်ဟွန်းအမေ ဝူဆိုဟွန်း စကားကြောင့် ထယ်ဟွန်းက လွဲပြီးကျန်တဲ့လူတွေအကုန်လုံးရီကုန်ကြသည်။

သူတို့လည်း မဂ်လာပွဲကို နောက်နှစ်ရက်နေရင်လုပ်ဖို့ဆုံးဖြတ်လိုက်ကြသည်။‌ မြောင်မိသားစုလည်းဘယ်မှာလုပ်မလဲ ဘာကျွေးမလဲဆိုပြီး လိုတာအကုန်လုံး တိုင်ပင်ကြသည်။တိုင်ပင်ပြီးတော့မှ အိမ်ကိုပြန်ဖို့ အိမ်ရှေ့ကို ထွက်လာတဲ့အချိန်

"Baby မနက်ဖြန်ကိုကိုနဲ့ ကျောင်းအတူသွားရအောင် စောင့်နေနော် ကိုကို လာခေါ်မယ်"

"ဟု ကိုကို ဖြေးဖြေးပြန်နော်"

ထယ်ဟွန်းနဲ့ ဂျယ်ယောင်းလည်းနှုတ်ဆက်ပြီးမှ ထယ်ဟွန်းလည်း မခွဲနိုင်သလိုကြည့်ပြီး အိမ်ကိုပြန်ချင်မပြန်ချင်နဲ့ ပြန်သွားသည်။

မနက်ရောက်တော့  ထယ်ဟွန်း အစောကြီး
ဂျယ်ယောင်းတို့အိမ်ကိုရောက်လာသည်။
မနက်စာထိုင်စားနေတဲ့ဂျယ်ယောင်းက ထယ်ဟွန်းကိုတွေ့တော့

system 810 (Complete)Where stories live. Discover now