<Unicode>
နောက်တနေ့ လတ်စီချိုင်အိပ်နေတုန်း အတွင်းရေးမှူးက ဖုန်းတွေအဆက်မပြတ်ခေါ်နေသည်။လတ်စီချိုင်လည်း မနေ့ညက သူ့ကြောင့်ပင်ပန်းထားတဲ့ အွန်ဝါကို ရင်ခွင်ထဲကနေအသာအယာထုတ်ပြီး ဝရံတာကိုထွက်လာလိုက်သည်။ဝရံတာရောက်တော့ ဖုန်းကို ကိုင်လိုက်ပြီး
"မနက်စောစောစီးစီးဘာလို့ဖုန်းတွေဆက်တိုက်ဆက်နေတာလဲ "
"ရှယ်ယာရှင်တွေက ceo အသစ်ခန့်ဖို့ meeting လုပ်ဖို့ပြောနေကြတယ် သူဌေး ရုံးကိုအမြန်လာပါ"
"ဘာ ငါအခုချက်ချင်းလာခဲ့မယ်"
လတ်စီချိုင်လည်း ရေအမြန်ချိုး အဝတ်အစားလဲပြီး မနက်စာတောင်မစားအားဘဲ ရုံးကိုအမြန်သွားလိုက်သည်။
ရုံးကိုရောက်တော့အတွင်းရေးမှူးက ရုံးရှေ့မှာစောင့်နေပြီး သူ့ကို အစည်းအဝေးခန်းထဲခေါ်သွားသည်။အစည်းအဝေးခန်းမှာ ရှယ်ယာရှင်တွေက စကား တွေပြောပြီး ထိုင်စောင့်နေကြသည်။
သူဝင်လာတာတွေ့တော့အကုန်လုံးက ငြိမ်ကျသွားပြီး သူ့ကိုကြည့်လာကြသည်။
"အကုန်လုံးက သူဌေးအသစ်တင်မြောက်မယ်ဆိုဟုလား ဒီ ကုမ္ပဏီမှာ ကျနော်က ရှယ်ယာအများဆုံးပါ ကျနော့်အပြင်ဘယ်သူက သူဌေးဖြစ်ချင်သေးလို့လဲ"
"ငါဖြစ်ချင်သေးတယ် ရမလား"
အသံက သိပ်မမှာပေမဲ့ အမိန့်ဆန်ဆန်ထွက်လာပြီး အစည်းအဝေးတံခါးကလည်းပွင့်လာသည်။တံခါးကနေ အသားရောင် suit အပြည့်နဲ့ မိုင်အွန်က ဝင်လာသည်။ဆံပင်ကိုလည်း ဂျယ်နဲ့အကုန်လှန်တင်ထားတာကြောင့် စီးပွားရေးလုပ်ငန်းရှင်လို စတိုင်ပေါက်နေသည်။
"မင်း မိုင်အွန် မင်းကဘာမို့လို့ ဒီအခန်းထဲဝင်လာရတာလဲ အခုချက်ချင်းထွက်သွား"
"အို့ ကျနော်က ရှယ်ယာရှင်လေ ကိုယ့်ရှယ်ယာရှင်ကို ဒီလိုနှင်ထုတ်ရလား ပြီးတော့ကျနော်က ရှယ်ယာအများဆုံးလူနော်"
"မဖြစ်နိုင်တာ ငါကမှ ရှယ်ယာအများဆုံး မင်းက ဘလိုလုပ်ရှယ်ယာအများကြီးရှိနိုင်မှာလဲ ပေါက်ကရတွေ"
![](https://img.wattpad.com/cover/344702724-288-k803555.jpg)
VOCÊ ESTÁ LENDO
system 810 (Complete)
RomanceSystem နဲ့ချိတ်ဆက်ပြီးမှ fa ဘဝကနေလွတ်မြောက်ခဲ့သော လရိပ် Start date 20.6.2023 End date. 5.8.2023