7.3

3.2K 191 4
                                    

<Unicode>
"ခများ ဘာလာလုပ်တာလဲ "

"ကိုယ့်ခင်ပွန်းလောင်းဆီလာတာလေ နောက်တပတ်ကြရင်ဘဲ လင်လင်တွေဖြစ်တော့မှာကို"

"ခများဘာတွေပြောနေတာလဲ ရူးသွားပြီလား"

"အင်း ကိုရူးသွားပြီး အဲ့တာ baby ကြောင့်"

"ဘာမှလည်းမဆိုင်ဘူး ခများ မိန်းမဆီမှာသွားနေလေ စာတောင်ယူပြီးတော့အခုမှ ဘာ စကား‌တွေလာပြောနေတာလဲ"

"ကို စာယူတယ်ဆိုတာက သူ့ကိုသူများတွေဝိုင်းလှောင်ကြမှာဆိုးလို့လေ သဝန်တိုတာလား"

"တိုစရာလည်း ခများကကျနော့်ချစ်သူမှ မဟုတာ "

"အင်း ကိုက baby ရဲ့ချစ်သူမဟုဘူး ဒါပေမဲ့ယောက်ျားတော့ဟုတယ်"

"ဘယ်သူက ခများကိုယူမယ်ပြောလို့လဲ "

"Baby မယူချင်လည်းယူရမှာဘဲ ဘာမှာထားလဲ စားမယ်လေ"

"အဟမ်း ဘာမှမမှာရသေးဘူး"

ဟီးယူပြောလိုက်မှ သူတို့ဝိုင်းမှာ ဟီးယူရှိမှန်းသတိရကြတော့သည်။

"ဟီးယူ ရှိနေသေးတာလား မေ့သွားတယ်"

"ရပါတယ် ယောင်းလေးရယ် ဘာစားမလဲ မှာကြမယ်လေ"

"ဘာယောင်းလေးလဲ စကားပြောဆင်ခြင်ပေးပါ သူက ကျနော့်ရဲ့ ခင်ပွန်းလောင်းနော်"

"အမလေး သိပါတယ် ထယ်ဟွန်းရယ် ငါကလည်း သူ့ကိုမောင်လေးလိုချစ်တာပါနော်"

'အရင်ဘဝက ဒီလောက်ချစ်ဖို့ကောင်းတဲ့ ယောင်းလေးကိုပြန်မချစ်ဘဲနဲ့ ဟိုမြွေပွေးမ ကိုဘဲ ချစ်တဲ့လူက ဘယ်လိုလုပ် ယောင်းလေးကို အရမ်းချစ်သလို လုပ်ပြနေတာလဲ မဟုမှ အခုကတည်းက ယောင်းလေးတို့စီးပွားရေးကို ဖျက်စီးဖို့ကြံနေတာလား'

ဟီးယူ စိတ်ထဲမှာ‌တော့မျက်နှာကိုရှုံ့မဲ့လိုက် ခေါင်းခါလိုက်နဲ့တွေးနေပေမဲ့ မျက်နှာမှာတော့
ပြုံးနေပြီး ဂျယ်ယောင်း တို့ကို ကြည့်နေသည်။

ဟီးယူက ပြန်မွေးဖွားလာတာဖြစ်သည်။ သူပြန်မွေးဖွားလာတာ တရက်ဘဲ ရှိသေးတယ် အချိန်တွေမလွန်ခင် ပြန်မွေးဖွားလာလို့ တော်သေးသည်။သူပြန်မွေးဖွားလာပြီး ဂျယ်ယောင်းနဲ့ ထယ်ဟွန်းကို ညားအောင်လုပ်ပြီး ချွဲဂျီရာ ကိုတော့ ကလဲ့စားပြန်ချေဖို့တွေးထားသည်။

system 810 (Complete)Where stories live. Discover now