4.5

3.4K 205 0
                                    

<Unicode>
လူးစ်လည်းအစည်းအဝေးခန်းထဲက ထွက်လာပြီး ပြင်ဆင်စရာရှိတာတွေပြင်ဆင်ဖို့သူ့အခန်းထဲဝင်သွားလိုက်သည်။

' ချစ်ရိပ် ငါ့ကိုလေ zombies တွေ ဘလို စဖြစ်တာလဲ ပြောပြလို့မရဘူးလား'

' မရပါဘူး host mission မို့ပါ ကျန်တာတော့အကူအညီတောင်းလို့ရတယ် ဥပမာ A city ကိုဘလိုသွားရမလဲတို့ ဘာတို့ပေါ့'

' အဲ့ဆို ငါ့ကို A city ဆီမြန်မြန်ရောက်နိုင်မဲ့လမ်းရှာထားပေ ဒါမှ ငါ့ကိုကိုနဲ့ အမြန်ပြန်တွေ့ရမှာ'

' host ကိုကိုက A city မှာမို့လို့လား'

' မဟုဘူးလေဟား mission တွေမြန်မြန်ပြီးရင် ငါ့ကိုကို ကိုရှာလို့ရပြီလေ အဲ့ကြောင့် သိပြီလား'

' သိပါပြီ'
လူးစ် လည်းလိုအပ်တာတွေကို ကျောပိုးအိတ်ထဲထည့်ထားပြီး အိပ်စက်လိုက်သည်။

မနက် ၆နာရီ
လူးစ်လိုအပ်တာတွေထည့်ထားတဲ့ ကျောပိုးအိတ်ကိုလွယ်ပြီး ထမင်းစားခန်းဆီထွက်လာလိုက်သည်။ထမင်းစားခန်းထဲရောက်တော့ သူ့လို ကျောပိုးအိတ်ကိုယ်စီလွယ်ထားတဲ့လူက 3 ယောက်ဘဲ ကျန်တဲ့လူတွေကတော့ သူတို့ကိုသနားတဲ့မျက်လုံးနဲ့ ကြည့်နေကြသည်။

ဘာလို့လဲဆိုတော့ A city မှာက zombies တွေပိုများတာကြောင့်ပါ။ သူတို့လည်း မနက်စာစားပြီး ကျောပိုးအိတ်ကိုယ်စီ လွယ်ပြီး ဂျစ်ကားတစ်ကားနဲ့ A cityကို ခရီးထွက်လာလိုက်သည်။

ဂျစ်ကားရှေ့ခန်းမှာ လူနှစ်ယောက်ထိုင်ပြီး နောက်ခန်းမှာက လူးစ်နဲ့ကယ်လိုရာ ထိုင်ပြီး စီးလာလိုက်ကြသည်။

ခံတပ်ဂိတ်ပြင်ကိုရောက်တော့ zombies 3-4 ကောင်နဲ့တိုက်လိုက်ရသေးသည်။

' ချစ်ရိပ် ငါ့ကို zombies နည်းမဲ့လမ်းရှာပေးအုံး'

'yes host....နည်းနည်းဆက်သွားအုံး ခနနေ လမ်းခွဲတခု ရောက်လိမ့်မယ် ညာဘက်လမ်းကနေဆက်သွားလိုက် အဲ့ဘက်က zombies နည်းတယ်'

'ကျေးဇူးဘဲ'

လူးစ်လည်း ရှေ့မှာကားမောင်းနေတဲ့လူကို

"မိုက် A city ကို ညာဘက်လမ်းကနေသွားလိုက်နော်"

"ဟု"

system 810 (Complete)Where stories live. Discover now