2

2.9K 166 1
                                    

<Unicode>
လရိပ်လည်းအခန်းပြန်ရောက်တော့ ရေမိုးချိုးပြီး ညစာအတွက်ချက်ပြုတ်နေလိုက်သည်။ညစာ ကျက်တော့ စားသောက်လိုက်ပြီး အိပ်စက်လိုက်သည်။

လရိပ်တက်ခဲ့တဲ့‌ ဆေးရုံအခန်းရဲ့ဘေးခန်းမှာတော့ အသက် 25 အရွယ်ကောင်လေး က ကုတင်ပေါ်မှာ ခေါင်းအုံးကိုမှီပြီးထိုင်နေသည်။ရှေ့တွင်တော့ bodyguard  နှစ်ယောက်ကရပ်နေသည်။

" လရိပ်ဆိုတဲ့ကောင်လေး က ဆေးရုံကဆင်းသွားပြီပေါ့"

"ဟုပါတယ် သခင်ရှိန်"

"အကုန်လုံးအဆင်ပြေတယ်မလား"

"ပြေပါတယ် သခင်ရှိန်"

"အင်း မနက်ဖြန်ငါ့အတွင်းရေးမှူးအဖြစ်သူ့ကိုမြင်ချင်တယ် ပြင်ဆင်ထားလိုက်"

"ဟုကဲ့"

"သွားတော့"

နေမင်းရှိန် လည်း bodyguard တွေထွက်သွားတော့ ကုတင်ပေါ်ပြန်လှဲနေလိုက်ပြီး သူ့ဘဝကိုပြန်စဉ်းစားကြည့်လိုက်သည်။

သူ့နာမည်က နေမင်းရှိန် အသက် 25 ပြည့်ပြီ
သူ့မိဘတွေက သူအသက် 17 မှာကားမတော်တဆဖြစ်ပြီးဆုံးသွားတာကြောင့် 17 နှနှစ်နဲ့ S company ကိုဦးစီးခဲ့ရသည်။

တချို့ရှယ်ယာရှင်တွေကတော့ အသက်မပြည့်သေးဘူးဆိုပြီး  သူ့ကိုလက်မခံကြဘူး သူလည်း စောင့်ကြည့်ပေးပါဆိုပြီးတောင်းဆိုခဲ့သည်။နေမင်းရှိန် ဦးစီးပြီး တစ်လကြာတော့ အမြတ်တွေကအရင်ကထက်ပိုများလာခဲ့သည်။ထိုအချိန်မှရှယ်ယာရှင်အကုန်လုံးက လက်ခံခဲ့ကြသည်။

အလုပ်တွေဘဲ ဖိလုပ်တာကြောင့် ရည်းစားဆိုတာဘာမှန်းမသိ လုပ်ငန်းရှင် သမီးတချို့က လာပတ်သက်ပေမဲ့ သူကတော့ခပ်ကင်းကင်းနေခဲ့သည်။

တနေ့ အလုပ်ဆင်းပြီး အိမ်ပြန်တဲ့လမ်းမှာ ခေါင်းသိပ်မကြည်လို့ နထင် ကိုလက်နဲ့ဖိတာကိုဒရိုင်ဘာက တွေ့သွားပြီး  ကော်ဖီဝယ်ပေးမယ်ပြောပြီး ဆိုင်တဆိုင်‌ရှေ့မှာရပ်လိုက်သည်။

သူလည်း ဆိုင်ထဲကို ခနအကြည့်ရောက်သွားတဲ့အချိန်မှာ စားပွဲထိုးနေတဲ့ ချစ်စရာကောင်းတဲ့ကောင်လေးကိုတွေ့လိုက်ရသည်။ကောင်လေးကိုတွေ့လိုက်တဲ့အချိန် ရင်ဘက်ထဲက ဒုတ် ဒုတ် နဲ့ အသံမြည်လာတာကြောင့် ရင်ဘက်ကိုတောင်ဖိမိသွားသည်အထိ.....

system 810 (Complete)Where stories live. Discover now