6.4

3.1K 203 0
                                    


<Unicode>
အာကာယံလည်း ဖိုင်ကိုဖွင့်ဖတ်ပြီး

"Baby က L company ရဲ့ဆက်ခံသူကို ဟက် OS entertainment ရဲ့ မင်းသားဟောင်း နေရောင်ကို ကြိုက်နေတာတဲ့လား မနက်ဖြန်ပြန်တွေ့ကြတာပေါ့ ကို့ baby လေး"

အာကာယံလည်း လင်းထက်ပုံကို လက်မနဲ့ ပွတ်ဆွဲနေပြီး စကားတွေပြောနေသည်။

မနက်ရောက်တော့ လင်းထက်လည်း ချစ်ရိပ်ကိုခေါ်ပြီး OS entertainment က လူရွေးပွဲဆီထွက်လာလိုက်သည်။နှစ်ယောက်လုံးက    အဖြူရောင်လက်ရှည် နဲ့ အပြာရောင်ဂျင်းဘောင်းဘီရှည်ကို ဆင်တူဝတ်ဆင်ထားကြသည်။

Companyရောက်တော့ လူတွေတော်တော်များများ တန်းစီပြီးစောင့်နေကြသည်။
လင်းထက်နဲ့ချစ်ရိပ်လည်း ဝင်တန်းစီလိုက်သည်။

ဥက္ကာစိုးနဲ့ အာကာယံကတော့ ဆင်တူဝတ်ထားတဲ့ လင်းထက်နဲ့ချစ်ရိပ်ကိုကြည့်ပြီး စိတ်တွေတိုနေကြသည်။

လူတွေတော်တော်များများ သရုပ်ဆောင်သွားကြပေမဲ့ ဘယ်သူကိုမှမ‌ရွေးရသေးဘူး ဥက္ကာစိုးနဲ့အာကာယံက သူတို့ရဲ့လူတွေကိုဘဲစိုက်ကြည့်နေကြလို့ စကားတခွန်းမှလည်း မဟဘူးလေ အဲ့ကြောင့် သဘောမကျဘူးထင်ပြီးကျော်ကျော်သွားကြတာ နေရောင် အလှည့်လည်းဘာမှမပြောကြလို့ အရွေးမခံလိုက်ရဘူး.....

လင်းထက်အလှည့်ရောက်တော့ သူနဲ့ ချစ်ရိပ် အတူတူ ဝင်လာကြသည်။သရုပ်ဆောင်ပြရမဲ့နေရာရောက်တော့ ချစ်ရိပ်က fightingဆိုပြီး လက်တီးလေးကို ထောင်ပြလာသည်။လင်းထက်လည်း ပြန်ထောင်ပြလိုက်သည် လက်တီး...

လင်းထက်လည်း ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်ပြီး သရုပ်‌စဆောင်ဖို့ ပြင်ဆင်လိုက်သည်။အမှတ်မထင် အာကာယံနဲ့ ဥက္ကာစိုးကို တွေ့လိုက်ရတော့ လန့်တောင်လန့်သွားသည်။

'ချစ်ရိပ် ငါ့ CEOနဲ့ သူ့ဘေးမှာ ထိုင်နေတဲ့လူကို ကြည့်လိုက်အုံး နဂါးသာဆို ငါတို့နှစ်ယောက်ပြာကျနေလောက်ပြီ'

'ဘယ်မှာလဲ'

'ငါကြည့်တဲ့နေရာကိုကြည့်လေ'

'အီးဟီး host ကျနော်အပြင်မှာဘဲ ရပ်စောင့်နေတော့မယ် ကျနော် ကြောက်လာပြီ သွားပြီနော်'

system 810 (Complete)Where stories live. Discover now