5.6

3.4K 181 2
                                    

<Unicode>
မနက်လင်အာနိုးလာတော့ သူ့ကိုဖက်အိပ်နေတဲ့ ဝမ်ရှောင်းယွမ် ကိုကြည့်ပြီး မျက်နှာတခုလုံးကို လက်ညိုးလေးနဲ့တို့ထိနေသည်။

'ချစ်ရိပ် မင်းကြည့်စမ်း ငါ့လင်ဘယ်လောက်တောင်ချောလိုက်လဲ အိပ်နေတာတောင်မှ ခန့်ညားလွန်းတယ်'

' လုပ်တဲ့အချိန်လည်း တော်လွန်းတယ်'

'နင် ဘလိုသိတာလဲ ခိုးကြည့်တာလား'

'ခိုးကြည့်တာ မဟုပါဘူး ပေါ်တင်ကိုကြည့်တာ အာ့  အာ့ အဲ့နားလေး အား ကောင်းတယ် ဟားဟား host အသံကလည်း အောင်သလားမမေးနဲ့ အဆိုတော်လုပ်စားလို့တောင်ရတယ်'

' နှာဘူး'

'ကျနော်က ချောမှ ဘူးတာ ချောဘူး'

'😤😤'

ဝမ်ရှောင်းယွမ် လည်းသူ့မျက်နှာမှာ ပရွက်ဆိတ် လမ်းလျှောက်နေသလို ခံစားရတာကြောင့်မျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့ သူ့မျက်နှာကိုလက်ညိုးနဲ့တို့ပြီး အတွေးလွန်နေတဲ့သူ့ကလေး ကိုတွေ့လိုက်ရသည်။

"ကလေး ဘာတွေတွေးနေတာလဲ"

"ကိုကို ဒီနေ့ ကလေးမိဘတွေဆီလိုက်ပို့ပေးနော်"

" ထတော့ ကိုယ်လက်သန့်စင်ပြီး ဒီမနက်ဘဲသွားရအောင်"

"ဟု ကိုကို အရမ်းချစ်တယ်"

"ကိုကိုလည်းအရမ်းချစ်တယ်"

လင်အာတို့လည်း ကိုယ်လက်သန့်စင်ပြီး မနက်စာစားကာ သူ့မိဘတွေဆီထွက်လာလိုက်သည်။

ရန်အိမ်တော်ရောက်တော့ သူ့မိဘတွေနဲ့ သူ့အကိုက စကားတွေပြောနေကြသည်။ သူလာတာကိုမြင်တော့

"သားရယ် လာမယ်ဆိုလည်းကြိုပြောလေ မင်းကြီးလည်းပါလာတာဘဲ ထိုင်ကြအုံးနော်အမေ စားစရာတွေသွားပြင်ဆင်လိုက်အုံးမယ်"

"ရပါတယ်အမေရယ် ထိုင်နေပါ သားတို့ဒီနေ့ တနေကုန် နေပြီးမှပြန်မှာ"

" ဒါဆို နေ့လည်စာ ဘာစားမလဲ အမေပြင်ဆင်ခိုင်းလိုက်မယ်"

"ရပါတယ်ဆို ကိုကိုပြန်တော့လေ ညနေမှပြန်လာကြိုတော့နော်"

"ကလေးနဲ့အတူပြန်မယ်လေ ကိုယ်ဝန်က လေးလဘဲရှိသေးတယ်ဆိုပေမယ့်ဂရုစိုက်ရမယ်လေ"

system 810 (Complete)Where stories live. Discover now