3.3

4K 250 1
                                    

'ချစ်ရိပ် သူဘာဖြစ်တာလဲ'
'ဟို.. အလေးသွားချင်လို့ တင်းခံနေတာ'

ငြိမ်းချမ်းစေ လည်း ဟိန်းစိုးကို ဝှီးချဲပေါ်အမြန်တင်ပေးလိုက်ပြီ သန့်စင်ခန်းကိုအမြန်တွန်းသွားလိုက်သည် သန့်စင်ခန်း‌ ရောက်တော့ မျက်လုံးမှိတ်ကာ ဘောင်းဘီကိုချွတ်ပေးပြီး ဗိုလ်ထိုင်အိမ်သာ ပေါ်တင်ထားလိုက်သည်

ထိုအခါမှ ဟိန်းစိုးကြုံ့ထားတဲ့မျက်ခုံးတွေက ဖြေလျော့သွားပြီး မျက်နှာမှာလည်း ပျော်ရွှင်ခြင်းတစွန်းတစတွေ့လိုက်ရသည်
စိတ်ချရမှအိမ်သာအပြင်ကိုထွက်လာပြီး

' ချစ်ရိပ် အရင်က သူ အိမ်သာတွေတက်ချင်ရင်ဘယ်သူလာလုပ်ပေးတာလဲ'
'ဘယ်သူမှလာမလုပ်ပေးဘူး'
'ဟမ်'
'ဟုတယ် မနက်ကျမှဒေါ်‌ဝေက အဝတ်အစားတွေလဲပေးတာ တခါတလေဆိုမလဲပေးဘူး ဒီတိုင်းဘဲထားတာ'
'ဟူး သနားပါတယ် သူဒီလိုဖြစ်တာ ကြာပြီလား'
'နှစ်လလောက်တော့ရှိပြီ'
'ငါ့လင်သနားပါတယ်😔😔'
'🙄🙄'

ငြိမ်းလည်း ဟိန်း ပြီးလောက်မဲ့အချိန် (အိမ်သာတက်တာနော်)မှပြန်ဝင်လာလိုက်သည်။

ဘောင်းဘီကိုပြန်ဝတ်ပေးရင်း
"နောက်ဆိုတခန်းထဲလာအိပ်တော့မယ် ကိုကို့ကို စိတ်မချလို့ ရတယ်မလား"
ငြိမ်းမေးလိုက်တော့ နားရွက်လေးတွေနီလာပြီး မျက်စိမှိတ်ပြလာလေသည်။

"ရှက်နေတာလား နားရွက်တွေနီနေပြီ"

ဟိန်းစိုး၏စိတ်ထဲတွင်တော့ လေသာဖြတ်မနေရင်ကိုကိုလို့ခေါ်တဲ့အဲ့နှုတ်ခမ်းတွေပေါက်တဲ့ထိနမ်းပစ်လိုက်ပါတယ် လို့သာတွေးနေတော့သည်

ငြိမ်းလည်းဟိန်းကို ကုတင်ပေါ်တင်ပေးပြီး စောင်သေချာပြန်ခြုံပေးလိုက်တယ်
"ကျနော်မနက်ဖြန် သခင်မလေးဆီခွင့်တောင်းပြီး ဒီမှာလာအိပ်ကူပေးမယ်နော် အခုတော့သွားအိပ်တော့မယ် good night"

ငြိမ်းချမ်းစေလည်း ဟိန်းစိုးကိုနှုတ်ဆက်ပြီး သူ့အခန်းပြန်ကာ ပြန်အိပ်နေလိုက်သည်။

At morning 🌞🌞

ငြိမ်းချမ်းစေလည်း မနက် 6 နာရီထပြီး အကိုလေး စားဖို့ ကြက်သားဆန်ပြုတ် ချက်လိုက်တယ်
သူ့ရဲ့မူလကမ္ဘာမှာလည်းတကောင်ကြွက်မို့ တချို့စားစရာတွေတော့ချက်ပြုတ်တတ် သည်

system 810 (Complete)Where stories live. Discover now