10.8

2.5K 158 6
                                    

<Unicode>
ကောင်းစက်ရှိန်၏အပြောကြောင့် မင်းစိုးစံအမေခများ စကားတောင်မပြောရဲတော့ဘူး

'ချစ်ရိပ် မင်းစိုးစံဖောက်ပြန်တဲ့သက်သေတွေအကုန် လိုင်းပေါ်တင်လိုက်'

'ဘာပေးမှာလဲ'

'ဟမ်'

'ခိုင်းကြခိုင်းပြီး တခုခုတော့ပြန်ပေးပေါ့'

'ဘာပေးရမှာလဲတောင်း'

'ကြက်ကြော် ၅ ပွဲနဲ့ pizza ရယ် coca-cola ၅ဘူးဝယ်ပေးမယ်ဆို တင်ပေးမယ်'

'ဝယ်ပေးမယ်ဟာ တင်လိုက်တော့'

'ok တင်လိုက်ပြီ'

ကောင်းစက်ရှိန်လည်း ချစ်ရိပ်တင်ပြီးတာနဲ့ စကားပြန်ပြောလိုက်သည်။

"ကဲ ဘယ်သူမှ မပြောဘူးဆိုတော့ ကျနော်ဘဲ ဆက်ပြောလိုက်ပါအုံးမယ် ကျနော် မင်းစိုးစံကိုကွာရှင်းခဲ့တာက သူကအိမ်ထောင်ရေး အရမ်းအရမ်းအရမ်းကိုဖောက်ပြန်လို့ မသိရင် မိန်းမမမြင်ဖူးသလိူဘဲ မိန်းကလေးတယောက်နဲ့တွေ့ရင် အိပ်လိုက်တာဘဲ ပြီးတော့စောက်ရှက်မရှိ အဲ့ဒါတွေကျနော့်ကိုပြန်လာပြောပြပြီး ဝမ်းနည်းအောင်လုပ်တယ် "

"ဘာ!!! မင်းစိုးစံ မင်းကများငါ့သားအပေါ်ဖောက်ပြန်ရဲတယ်ပေါ့"

ကောင်းစက်ရှိန်အဖေက သားကိုအရမ်းချစ်တာကြောင့် ဒီအကြောင်းတွေကြားလိုက်တော့ စိတ်တိုသွားသည်။ကောင်းစက်ရှိန်အမေကလည်းဆက်ပြောလာသည်။

"ပြီးတော့ ဝမ်းနည်းအောင်လည်းလာပြောပြသေးတယ်ပေါ့ မင်းစိုးစံ ဒါက စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတာမသိဘူးလား မတော်လို့ငါ့သား အရမ်းဝမ်းနည်းပြီး သက်သေသွားရင်ဘလိုလုပ်မလဲ"

ကောင်းစက်ရှိန်လည်း သု့အမေစကား‌ကိုကြားလိုက်တော့ မကောင်းဆိုးဝါးဆန်ဆန်တချက်ပြုံးလိုက်သည်။တစ်စက္ကန့်‌လောက်ဘဲပြုံးပြီး ချက်ချင်းမျက်ရည်တွေက ပိုးပိုး‌ ပေါက်ပေါက်ကျလာပြီး သူ့အမေကိုဖက်ကာ

"အမေသိလား သူကလေ အဲ့ဒီမှာထိုင်နေတဲ့ အမ မိုးပွင့်ကြယ်စင်နဲ့ ချစ်သူဖြစ်သွားတော့ သားကလေ ဟင့် ‌ဒူးထောက်ပြီး တောင်းပန်တာကို သူကလေ ဟင့် သားလက်ကိုခြေထောက်နဲ့နင်းပြီး ပါးကိုလည်း တချက်ထိုးလိုက်တာ သားရဲ့သွားဆို ၂ ချောင်းကြီးများတောင်ကျိုးသွားတာ ဟင့် သားကအရမ်း ဝမ်းနည်းသွားပြီး ကိုယ့်ကိုယ်ကို သက်သေဖို့လုပ်တာ သိလား တော်သေးတာပေါ့ ကိုကိုက အချိန်မှီလာကယ်လိုက်လို့မဟုရင် သားကသေပြီးဟင့် ကိုကိုနဲ့ကျနော် နောက်တပတ်ဆိုလက်ထပ်တော့မှာသိလား အဲ့ဒါမေမေနဲ့‌ ဖေဖေတို့လာခဲ့ရမယ်နော် ဟင့် သားကိုချစ်လားဟင် "

system 810 (Complete)Where stories live. Discover now