1.6 end

4.2K 263 5
                                    

"ကျနော်လည်း အကို့ကို ချစ်တယ်"

'အော် တခါတည်း အဖြေတန်းပေးလိုက်တာဘဲနော်'
'ငါက missionအောင် အောင်လို့ပေးတာပါနော် '

အာဏာလည်းမထင်မှတ်ထားတဲ့အဖြေကြောင့် မယုံနိုင်ဖြစ်နေမိသည်

Babyရဲ့ ငုံ့နေတဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲယူပြီး

"Baby တကယ်ပြောတာလား"
"ဘာလဲ ခများက မယုံဘူးလား"
မျက်မှောင့်ကိုကြုံ့ပြီးမေးလိုက်တော့မှာ
ပြာပြာသလဲနဲ့လက်ကိုခါကာ
"မဟုပါဘူး ကိုယ်က မယုံနိုင်လို့ ပြန်မေးကြည့်တာပါ babyနဲ့ ကိုယ်သိတာက အခုမှ နှစ်ရက်ဘဲ ရှိသေးတယ်လေ "

"ခများကရော ကျနော်ကို တကယ်ချစ်တာလား ခများလိုပြော ရကြေးဆို ကျနော်နဲ့ ခများလည်းသိတာ နှစ်ရက်ဘဲ ရှိသေးတယ်လေ"

"ကိုယ်က baby ကိုမြင်မြင်ချင်းချစ်မိသွားတာ"
"ကျနော်လည်း ခများကိုမြင်မြင်ချင်းချစ်သွားတာပါနော် မယုံရင်လည်း အဖြေကိုဖျက်သိမ်းလိုက်မယ်လေ "

"အဲ့လိုမဟုတ်ဘူးလေ ယုံတယ်နော် ယုံတယ် အဲ့ဆို ကိုယ်တို့က အခု ချစ်သူဖြစ်သွားပြီဆိုတော့ ဒီနေ့ date ကြမလား"

"ဟီး အကို့သဘော"

ညအလွမ်းနဲ့ အာဏာလည်း တနေကုန် လျှောက်လည်ပြီး date ကြတော့သည်

ဝနကတော့ တခါမှ အလုပ်မပျက်ဖူးတဲ့ boss အလုပ်နဲ့ ညားနေတဲ့လူလို့ ထင်ရတဲ့ boss က အလုပ်မလာဘူး အဲ့ဒါလည်း နှစ်ရက်ဘဲ တွေ့ဖူးသေးတဲ့ ကောင်လေးတယောက်ကြောင့်တဲ့

ရှိသမျှ နတ်အပေါင်းတို့ ဒီက သားချောလေးကို ကယ်ကြပါအုံး လို့သာအော်ဟစ်နေမိတော့သည်။

ညအလွမ်းလည်း အာဏာနဲ့ တနေကုန် date ရတာကြောင့်  ပင်ပန်းနေပြီ

သူတို့ date က ထွေထွေထူးထူးတော့မဟု

မနက်စာ ကို ဆိုင်မှာစားတယ် ပြီးရင် ကစားကွင်းသွားပြီး ဆော့ကြတယ် ရေခဲမုန့်တွေလည်း အတူတူ စားခဲ့ကြတယ် ညကြတော့ ညဈေးတန်း သွားပြီး မုန့်တွေပတ်စားကြတယ်

(အစားသည်သာ ပထမ)

ဒီလိုနဲ့ဘဲ အိမ်ပြန်လာဖြစ်ကြတယ်

system 810 (Complete)Where stories live. Discover now