663

525 69 0
                                    

Chapter 663: ကျန်တာကျုပ်တာ၀န်ထားလိုက်ပါ

ကွမ်းဟူ၏ သိုင်းဝိညာဉ်သစ်သီးပင်၊လျိုမျို၏ နက်ရွှေရောင်လှေငယ်နှင့် လင်းမန်၏ စကြာ၀ဠာပြန်လည်၀င်စားခြင်း ဆေးပေါင်းအိုးတို့ တစ်ပြိုင်နက်တည်း အသက်၀င်လာသောအခါ လုံဇူး၏ ဓါတ်ကြီးငါးပါး ရှေးဟောင်းနယ်ပယ်သည် စွမ်းအင်များကို စုစည်းရန်အတွက် ရုန်းကန်နေရပြီဖြစ်သည်။

ထိုအချိန်တွင် နီရူက တစ္ဆေဝိညာဉ်ဓါးကို အားကုန် ဝှေ့ယမ်းသောအခါ ဓါးရိပ်များ နေရာအနှံ့အပြားမှ ဖြာထွက်လို့လာသည်။
လုံဇူးက အကုန်လုံးကို ထိန်းချုပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေခဲ့ရလေသည်။

သူ့မျက်နှာက တည်ကြည်လေးနက်လို့နေသည်။
လက်ဟန်သင်္ကေတ အမျိုးမျိုး ဖော်ထုတ်ရင်း ဓါတ်ကြီးငါးပါးနယ်မြေမှ ပြိုပျက်သွားသော နေရာများတွင် အစားထိုး ဖြည့်သွင်းနေခဲ့သည်။

သူ၏ ဓါတ်ကြီးငါးပါး ရှေးဟောင်းနယ်ပယ်သည် ဓါတ်ကြီးငါးပါး၏ စွမ်းအင်ထောက်ပံ့မှုဖြင့် အလုပ်လုပ်ခြင်းဖြစ်ရာ စွမ်းအင်ညီမျှခြင်း ဆုံးရှုံးသွားလျှင် အသုံးမကျဖြစ်သွားပေတော့မည်။

သူ၏ အစစ်အမှန်နတ်ဘုရား အထွတ်အထိပ်အဆင့် ခွန်အားများ ဥာဏ်အလင်းများကို အစွမ်းကုန် အသုံးချကာ ဓါတ်ကြီးငါးပါးရှေးဟောင်းနယ်ပယ်ကို တည်ငြိမ်မှုရှိစေရန် ထိန်းသိမ်းနေသည်။

ပြင်ပမှ ဖိအားကို ရှီယန် ခံစားမိသည်။
၀ိညာဉ်ခေါ်ပုလဲထဲမှ သန့်စင်ပြီး ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီးချိန်တွင် သူ့ အသိစိတ်ပင်လယ်ထဲ၌ သလင်းကျောက်လို ကြည်လင်သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။
သူ့ ဝိညာဉ်စွမ်းအင် အားပြည့်လာသောအခါ မဟာသန့်စင်ခြင်းရှစ်ပါးမြို့တော်ကို ထိန်းချုပ်နိုင်စွမ်းကလဲ ပိုမိုမြင့်မားလာသည်။

သို့သော် သူဆုံးရှုံးထားခဲ့သော ကီစွမ်းအင်ပမာဏကိုတော့ လုံလောက်အောင် မဖြည့်တင်းနိုင်သေးပါ။
သူ၏ ဆန်းကြယ်သော သိုင်းဝိညာဉ်မှ သန့်စင်ပေးနေသည့် ကီအဆီအနှစ်များကို စောင့်မျှော်နေရဆဲဖြစ်သည်။
ယခုလို သေရေးရှင်ရေးအခြေအနေမျိုးတွင် သူ့စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ထားရန် သူကြိုးစားနေသည်။
မည်သည့် အနှောက်အယှက်မျှ အဖြစ်မခံရဲ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ