678

577 65 0
                                    

Chapter 678: ဝိညာဉ် အနံ့အသက်

အမှောင်ကလန်နှင့် မိစ္ဆာကလန်များ ထွက်ခွာသွားကြသည်။
အလောင်းကောင်ကလန်ခေါင်းဆောင်နှင့် အမှောင်ဝိညာဉ်ကလန်ခေါင်းဆောင် ကန်တေးတို့လဲ မနေရစ်ကြတော့ပါ။
တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြသည်။
တစ္ဆေအမှတ်အသားကလန်မှ ကိုမိုးရပ်စ်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။

ကျန်မျိုးနွယ်စုများအားလုံး ထွက်ခွာသွားသည်အထိ စောင့်နေပြီးမှ ကိုမိုးရပ်စ်၏ တင်းမာသော မျက်နှာထားကာ ပြေလျော့သွားသည်။

၀ိညာဉ်စွမ်းအင်ကို အသာ ထုတ်လွှတ်ကာ ပတ်၀န်းကျင်ကို အာရုံခံကြည့်လိုက်သည်။
သူတို့အားလုံး မီးနှင့်ရေခဲ လျှို့ဝှက်နယ်မြေကို ထားခဲ့ကာ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရှိလိုက်သည်။
သူ့မျက်လုံးများမှ ထူးဆန်းသော အစိမ်းရောင်အလင်းများ ထွက်ပေါ်လာပြီးနာက် သူ့လက်ကောက်၀တ်က တစ်ချက် လှုပ်ရှားသွားသည်။
သူ့ အင်္ကျီလက်စရှည်ထဲမှ မှောင်မိုက်သော အော်သံများ ထွက်ပေါ်လာသည်။

ယင်လက်ရေးကျမ်းစာ…
တစ္ဆေအမှတ်အသားကလန်၏ အခြေခံအုတ်မြစ်ဖြစ်သော နတ်ဘုရားအဆင့်မှော်ရတနာ ထွက်ပေါ်လာလေသည်။
သူ့ထိန်းချုပ်မှုအောက်တွင် ထိုကျမ်းစာက လျှို့ဝှက်၀င်ပေါက်ထံ ပျံသန်းသွားသည်။

ကိုမိုးရပ်စ်က တင်ပလ္လင်ခွေထိုင်ချလိုက်သည်။
စင်ကြယ်သော ဝိညာဉ်အသိကို ကျမ်းစာအတွင်းသို့ သွန်းလောင်းသည်။
အချိန်တိုအတွင်းပင် ယင်လက်ရေးကျမ်းစာမှ သိပ်သည်းဆန်းကြယ်သော ယင်စွမ်းအင်လှိုင်းများ ဖြာထွက်လာသည်။
ဘယ်တော့မှ မကုန်ဆုံးတော့မည်ကဲ့သို့ပင်။

ယင်လက်ရေးကျမ်းစာက လျှို့ဝှက်လမ်းကြောင်း၏ အ၀င်၀သို့ ဖြည်းညင်းစွာ ပျံသန်း၀င်ရောက်သွားသည်။
တဖြည်းဖြည်းနှင့် ရောင်စုံအလင်းများ ယှက်ထွေးနေသော နေရာသို့ ရောက်ရှိသွားသည်။
သေချာကြည့်မည်ဆိုလျှင် ဘာမှန်းမသိသော ၀င်ပေါက် အတွင်းဘက်တွင် ပေါ်လိုက်ပျောက်လိုက် မျောပါနေသော အသားတစ်များကို မြင်တွေ့နိုင်ပေလိမ့်မည်။
ပို၍ နက်ရှိုင်းသောနေရာတွင်တော့ ဟိုတစ ဒီတစ ပြန့်ကျဲနေသော ဝိညာဉ်အပိုင်းအစများရှိနေလေသည်။
လျှို့ဝှက်လမ်းကြောင်းအတွင်းရှိ အခြေအနေသည် သဘာ၀ မဆန်လှချေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin