648

536 67 0
                                    

Chapter 648:ချစ်ခြင်းမေတ္တာ

ပင်းချင်းတန်နှင့် ဟန်ကျူးတို့ ရောက်ရှိလာချိန်တွင် ရှီယန်က ရေကန်နဘေးတွင် ထိုင်ကာ ပြသနာကို အဖြေရှာရန် မျက်စိမှိတ် ငြိမ်သက်နေဆဲ ဖြစ်သည်။

အင်ပါယာယန်ခန်းဒီနှင့် ချောင်ချူထောင်တို့ အုပ်စုသည်လည်း မျက်နှာ မသာမယာဖြင့် ရှိကြသည်။ သူတို့၏အသွင်အပြင်က အလွန်လေးလံနေကြသည်။

သက်တမ်းရင့်အဖွဲ့အစည်းကြီး ခုနှစ်ခု၏ ဖိအားက သူတို့ကို စိတ်ဖိစီးမှု ဖြစ်စေရန် လုံလောက်ပါသည်။

သာလွန်ထူးကဲသော အလှတရားများနှင့် ဖန်ရှင်းယွမ်ထက်ပင် စွဲမက်ဖွယ်ရာ ကောင်းသော အလှလေး နှစ်ဦး ရောက်ရှိလာသောအခါ ချောင်ချူထောင်နှင့် အင်ပါယာယန်ခန်းဒေတို့ နှစ်ဦးလုံး မျက်နှာပျက်သွားကြသည်။

သူတို့က စွမ်းအင်များကို စတင်စုစည်းလိုက်ကြသည်။ သူတို့က အလွန်တင်းမာ လာကြသည်။ သက်တမ်းရင့်အဖွဲ့အစည်းကြီး ခုနှစ်ခုက သူတို့၏စစ်ဆင်ရေးကို စတင်ပြီဟု ထင်လိုက်ကြခြင်း ဖြစ်သည်။

ပင်းချင်းတန်နှင့် ဟန်ကျူးတို့သည် ပထမဦးဆုံး လှိုင်းလုံး ဖြစ်ဟန် တူသည်။

ချောင်ချူထောင်နှင့် အင်ပါယာယန်ခန်းဒီတို့က သူမတို့ကို တစ်ခါတည်း သတ်ပစ်ရန် အချင်းချင်း မျက်ရိပ်ပြလိုက်ကြသည်။

ထိုစဉ်မှာပင် ရှီယန်က အတွေးနစ်နေရာမှ ပြန်လည် နိုးထလာသည်။ သူနှင့် ချစ်ကျွမ်းဝင်ခဲ့ဖူးသော အမျိုးသမီးချောနှစ်ဦးကို တွေ့သောအခါ ရှီယန်က ကြိုးစားပြုံးပြလိုက်သည်။

“ဘာလို့ ဒီလို ရောက်လာကြတာလဲ”

“လင်းမန်၊ နီရူနဲ့ ကွမ်းဟူတို့က နင်တို့တွေကို တိုက်တော့မယ်၊ အဲ့ဒါ လာသတိပေးတာ။သူတို့လာတဲ့အထိ စောင့်မနေကြနဲ့”

ပင်းချင်းတန်၏ မျက်ဝန်းများက ချစ်ခင်နှစ်သက်မှုများဖြင့် ရွှန်းလဲ့လို့နေသည်။ သူမက လှပစွာ ပြုံးရင်း၊
“နင်က စိတ်ဝိညာဉ်တတိယအဆင့်ကိုတောင် ရောက်သွားပြီပဲ ကောင်းလိုက်တာ”

ဟန်ကျူး၏မျက်ဝန်းများကလည်း တောက်ပနေရင်း ဆွဲဆောင်မှုရှိစွာ ပြုံးသည်။
“ကောင်စုတ်လေး နင့်အတွက် လူတွေ စိတ်ပူအောင် လုပ်တာကို ရပ်လို့မရဘူးလား။ နင်က ဉာဏ်ကောင်းရဲ့သားနဲ့ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို ခက်ခဲတဲ့ အခြေအနေရောက်အောင် လုပ်ချင်ရတာလဲ။ နင့်ကိုတော့ ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora