729

553 76 0
                                    

အခန်း(729)လုပ်ကြံဖန်တီးထားသောလူတစ်ယောက်အကြောင်း

သက်ရှိကြယ်ဆယ်ခုအတွင်းရှိ လျို့ဝှက်ဆန်းကြယ်စွာ နေထိုင်ကြသည့် သတ္တဝါများစွာရှိသည်။ ဒဏ်ရာများ ပြန်ကောင်းရန်အတွက် ဝိညာဉ်သဂြိုလ်ခြင်း မရဏဥာဏ်အလင်း
ကို အသုံးပြုကာ မရေမတွက်နိင်သော မျိုးစိတ်များ၏ အသက်များကို စုတ်ယူခြင်းက အလွန်ရက်စက်သော လုပ်ဆောင်မှု တစ်ခုဖြစ်သည်။

တာ့မန်၏ လူများသည် ထိုရက်စက်မှုများကို ကြားသည့်အခါ ကြောက်ရွံ့ကာချိနဲ့နဲ့ ဖြစ်နေကြသည်။ သူတို့ မည်သို့ မှတ်ချက်ပေးရမည်က်ို ပင် မသ်ိခဲ့ချေ။
ခေတ္တမျှ အကြာတွင် တာ့မန်က ကြိုးစားကာ ပြုံးလိုက်သည်။
" ဒေါ်သမီးလျှံကြယ်တရာနယ်မြေက အနိင်ကျင့်ခံရလောက်အောင်ထိ အားမနည်းဘူးမဟုတ်လား။ အဲဒီလူကို ရပ်တန့်ဖို့ ဒါမှမဟုတ် လက်စားချေဖို့ မကြိုးစားကြဘူးလား"

တာ့မန်၏အဖေ မျက်နှာက ပိုပြုံးလိုက်သည်။
" သူတို့ဘာမှမလုပ်ပဲ ဘယ်နေပါ့မလဲ။ အပြင်းအထန် တုံ့ပြန်ခဲ့တာပေါ့။ ပထမဆုံးသက်ရှိကြယ် ပျက်ဆီးတော့ နေရာအနှံ့က အင်အားစုတွေက သူတို့ရဲ့ ထိပ်သီးတွေကို စေလွှတ်လိုက်တယ်။ ဒါပေမယ့် ဘယ်သူမှ ပြန်ရောက်မလာဘူး။ သူတို့အားလုံးက အခြားသူတစ်ယောက် ပြန်ကောင်းဖို့အတွက် စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့ရတယ်"

တာ့မန်၏ မျက်နှာက ကြောက်လန့်မှုကြောင့် အရောင် ပြောင်းလာသည်။
" သူက အဲဒီဒေသကို ကျိုင်းကောင်အုပ်ကြီးလိုပဲ ကျော်ဖြတ်သွားတယ်။ သူက ဒေါသမီးလျှံကြယ်နယ်မြေက စစ်သည်များစွာနဲ့သက်ရှိကြယ်ဆယ်ခုကျော်က်ို ဖျက်ဆီးခဲ့တယ်။
နောက်ဆုံးကျတော့ အင်အားစုတွေအကုန်လုံးရဲ့ ခေါင်းဆောင်တွေဟာ သူ့ကို သတ်ဖို့ လက်တွဲလာကြတယ်”

တာ့လီကက ညှို့မှိုင်းသောမျက်နှာဖြင့် ခေါင်းခါယမ်းကာ
" ဆိုးတာက ငါတို့ရဲ့ ဒေါသမီးလျှံကြယ်တာရာရဲ့ ခေါင်းဆောင်ကြီးတွေဟာ တစ်ဖက်လူရဲ့  ကြောက်မက်ဖွယ်စွမ်းအားက်ို ခံစားမိလိုက်တာနဲ့ ဘယ်သူမှသူ့ကို မတ်ိုက်ရဲကြတော့ဘူး"

တာ့မန်တို့အုပ်စုက စကားတစ်ခွန်းမျှ မပြောချေ။ သ်ို့သော် သူတို့၏ အကြောက်တရားများက လွန်ကဲသောအဆင့်တွင် ရောက်နေပြီဖြစ်ကြောင်း မျက်လုံးများတွင် ပြသနေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora