637

568 66 0
                                    

Chapter 637: ပါးကိုက်နားကိုက်

ရှီယန်၏လက်တစ်ဖက်က ရှေ့သို့ ဆန့်တန်းသည်။
ကျန်လက်တစ်ဖက်က လေးကြိုးဆွဲသည့်အနေအထားမျိုး မေးအောက်တွင်ရှိနေသည်။
မရေမတွက်နိုင်သော ကြယ်တာရာအလင်းတန်းများ သူ့ရင်ဘတ်မှတဆင့် သူ့လက်မောင်းတစ်လျှောက်စီးဆင်းလာကြသည်။

လက်သီးဆုပ်အရွယ် ကြယ်တာရာအလင်းစက်များက ခုနှစ်စဉ်ကြယ် လေးကြီးကို တည်ဆောက်သည်။
ကြယ်အလင်းများက မြားတစ်စင်းဖြစ် တဖြည်းဖြည်း သိပ်သည်းလာပြီး လေးကြိုးတွင် တင်သည်။

ရွှစ်…

အလင်းတန်းက ကောင်းကင်ကိုခွင်း အတားအဆီးအလွှာများကို ထိုးဖောက်ပျံသန်းကာ ချူးဟုန်ထံ ဦးတည်သည်။ပြီးနောက် လမ်းတစ်၀က်တွင် ပျောက်ကွယ်သွားခဲ့သည်။

ချူးဟုန်၏ ဝိညာဉ်က တုန်လှုပ်သွားသည်။
သူ၏ စိတ်မျက်လုံး သိုင်းဝိညာဉ်က ရှီယန်၏ အတွေးကို မဖတ်နိုင်ခဲ့ပါ။
သူက မြားလာရာလမ်းကြောင်းကို မှန်းဆလို့ မရခဲ့ချေ။

ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် အန္တရာယ် တစ်စုံတစ်ရာ သူ့ထံ ပျံသန်းလာနေသည်ဟု သူ ခံစားနိုင်သော်လည်း ဘယ်ကလာနေသည်မသိ။ဒါက မမြင်နိုင်သော လက်တစ်စုံဖြင့် လည်ပင်းညှစ်ခံထားရသလို ကျောချမ်းစရာ ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ချူးဟုန်က မွန်းကြပ်စွာ ခံစားခဲ့ရသည်။သူ၏ လမ်းကြောင်းများ အားလုံးပိတ်ဆို့ခံထားရသလို ခံစားရပြီး သူ့မျက်နှာက ကြောက်ရွံ့ခြင်းဖြင့် ပြည့်နှက်နေသည်။

ရုတ်တရက် အလင်းစက်များ သူ့မြင်ကွင်းထဲ တိုး၀င်လာသည်။
ထိုအလင်းတန်းသည် နဂါးငွေ့တန်းမှ ကျဆင်းလာသောဥက္ကာပျံတစ်ခုသဖွယ် ကြယ်တာရာ၏ ရှေးကျသောစွမ်းအင်များနှင့်အတူ သူ့ရင်၀သို့ ရောက်ရှိလာသည်။

ချူးဟုန်မျက်လုံးများ ပြာဝေသွားသည်။
သူက စိတ်မျက်လုံးသိုင်းဝိဥာဉ်ဖြင့် အများကြီးစဉ်းစားချိန်မရပဲ သူ့ ဝိညာဉ်ခွန်အားများအားလုံးကို ရွှေရောင်သစ်ရွက်တစ်ရွက်ထဲ သွန်းလောင်းလိုက်သည်။

ရွှေသစ်ရွက်က ရွှေရောင်စက်၀န်းများနှင့်အတူ ပွင့်ထွက်လာပြီးလေထုထဲတွင် ပြောင်းလဲသွားသည်။
တောက်ပသော ရွှေရောင်သစ်ရွက်မြောက်မြားစွာသည် တစ်ခုနှင့်တစ်ခု ယှက်စပ်သွားပြီး မာကျောသော သစ်ရွက်တံတိုင်းတစ်ခုဖြစ်ပေါ်လာသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora