740

554 57 0
                                    

အခန်း(၇၄၀)လမ်းပျောက်ခြင်း

ကာထို့၏ အာကာသဓားပြများ ဒေါသတကြီး လိုက်လာသော်လည်း ခရမ်းစွဲစစ်ရထားက တခနအတွင်း သူတို့၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်။

သွေးရိုင်းလူသတ်သမား ကာထို့က ကျားငမန်း စစ်ရထားပေါ်တွင် အံကြိတ်ကာ မှုန်ကုန်နေသည့် မျက်နှာဖြင့် ရပ်နေသည်။

များစွာသော ကျားငမန်း စစ်ရထားများစွာ ပြန်လည်စုစည်းလာသည်။ လူသား ကောင်လေးက ကြိတ်မနိုင်ခဲမရပြောလိုက်သည်။
" ဆရာ ကျွန်တော်တို့အခု ဘာလုပ်ကြမလဲ"

"ငါတို့ဘာလုပ်ရမလဲ"
ကာထို့ မျက်လုံးထဲတွင် ရူးနှမ်းသည့် အရိပ်အယောင်များကို  ရှင်းလင်းစွာ မြင်နိင်သည်။သူက အံကြိတ်ထားရင်း

"မင်းနောက်ထပ်ဘာဆက်လုပ်ရမလဲ ငါသင်ပေးဖို့လိုလား။ လူစုခွဲပြီး လမ်းပ်ိတ်။ ငါတို့က ဒီနေရာနဲ့ အကျွမ်းတဝင်ရှိတယ်။ ငါတို့ သူတို့ကို ပိတ်ဆို့နိုင်တာနဲ့ နောက်တစ်ကြိမ် ထပ်လုပ်လို့ရပြီ"

လူငယ်က တုန်ယင်နေပြီး ခေါင်းကို အဆက်မပြတ် ညိတ်နေသည်၊၊
" ကျွန်တော်နားလည်ပါပြီ"

" ဒီ သောက်နေရာကနေ ထွက်တော့။ သွား အခု "
သွေးရိုင်းလူသတ်သမား ကာထို့က ကျိန်ဆဲလိုက်သည်၊၊ သို့သော် သူကိုယ်တိုင်ကတော့ လ်ိုက်မသွားခဲ့ချေ။ ထိုအစား သူက  ဆန့်ကျင်ဘက်အနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာကိုသာ ပြန်သွားခဲ့သည်။

အာကာသဓားပြများက ဆက်လက် မဆွေးနွေးရဲကြပေ။ သူတို့ ဆက်လက်လုပ်ဆောင်ရမည့်အရာများကို အတည်ပြုပြီးနောက် အစီအစဉ်ကို ပြန်စခဲ့သည်။

များမကြာမီ ကာထို့က ကျောက်စိမ်းတံဆိပ် ထွက်ပေါ်လာသည့် နေရာသို့ သွားခဲ့သည်။ သူကခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် အနည်းငယ် ခါးကိုင်းကာ အရိုအသေပေးပြီး
" စိတ်မပူပါနဲ့ သဘောတူထားတဲ့အတိုင်း လုပ်ပေးပါ့မယ်။ သူတို့ အခုထွက်ပြေးသွားတယ် ဆိုပေမယ့်
အဲ့ဒါက ကြယ်ပေါက်ကွဲခြင်း အပ်ိုင်းအစလွင်ပြင်ထဲက  အသက်ရှင်လျှက် ထွက်သွားတာမှ မဟုတ်တာ။ သေချာပါတယ်"
  ဝိညာဉ် အတွေးတစ်ခုက နေအလင်းတန်းများ ဖြာထွက်နေရာမှ သူ့ထံသို့ ရောက်လာသည်။
" ငါ့ကိုရှုံးအောင် မလုပ်နဲ့ "

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin