684

571 78 0
                                    

Chaptre 684: ဥာဏ်အလင်းအကန့်အသတ်များ

ကြည်လင်နေသော ရေကန်အောက်ခြေတွင်…

လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအစီအရင်များအလယ်တွင် ရှီယန် တည်ငြိမ်စွာထိုင်နေသည်။
သူ၏ သိမ်မွေ့နက်ရှိုင်းသော ဝိညာဉ်အသိက မြင့်မြတ်ခြင်းရေကန်နှင့် တစ်သားထဲ ပေါင်းစပ်လျှက်။

မသိလိုက် မသိဘာသာပဲ သူက နက်ရှိုင်းသော အိပ်မက်ရှည်ကြီးအတွင်း ကျဆင်းသွားနေရင်း ဝိညာဉ်က ခန္ဓာကိုယ်နှင့် ကင်းကွာသွားသလို ခံစားနေရသည်။
သူ့အသိစိတ်က ရည်ရွယ်ချက်မရှိပဲ မြုပ်ချည်ပေါ်ချည်ဖြစ်လို့နေသည်။
အာရုံကို ထိထိရောက်ရောက် စုစည်းလို့မရပဲဖြစ်နေသည်။

ထူထဲသိပ်သည်းသော စွမ်းအင်စီးကြောင်းများက နေရာအနှံ့အပြားမှ စီး၀င်လာသည်။

တဖြည်းဖြည်း မူလအသက်နို့ရည်နှင့် ဝိညာဉ်ဆေးကြောခြင်းနတ်ရေစင်တို့က ဝိညာဉ်စွမ်းအင်စီးကြောင်းထဲတွင် ရောနှောသွားပြီးနောက် ထွင်းဖောက်မြင်ရလောက်အောင် သန့်စင်သော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။
တစ်ခုနှင့်တစ်ခု ရောနှောခြင်းမရှိသော သီးခြားစွမ်းအင်များသည်လည်း သီးသန့်ရောင်စဉ်အမျိုးမျိုးဖြင့် သူ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်ဝဲနေသည်။

ထို အလွန်ဆန်းကြယ်ပြီး သီးခြားထုတ်လုပ်ထားသော စွမ်းအင်မျိုးမျိုးတို့သည် သူ၏ ချွေးပေါက်များမှတဆင့် သူ့ကိုယ်ထဲသို့ စီး၀င်လာသည်။
စွမ်းအင်စီးကြောင်းများက သူ့ ဦးနှောက်ဆီအထိ ထိုးတက်သွားကြပြီး သူ၏ အသိစိတ်ပင်လယ်ကို နှိုးဆွသည်။

သူ့ အကြီးအမှူးဝိညာဉ်သည် ရှီယန် ပြုမူနေသော ပုံစံအတိုင်း တင်ပလ္လင်ခွေထိုင်လျှက် အသိစိတ်ပင်လယ်၏ အလယ်တွင် ရှိနေသည်။
သူက ဝိညာဉ်အသိစီးကြောင်းများကို ထုတ်ဖော်ထားပြီး ထို ထူးခြားသော စွမ်းအင်များ ချိတ်ဆက်လာမည့်အချိန်ကို စောင့်ဆိုင်းလျှက်ရှိသည်။

သူ၏ အသိစိတ်ပင်လယ်ထဲသို့ တိုး၀င်လာသော ရောင်စုံစွမ်းအင်ငါးမျိုးတွင် ကီစွမ်းအင်များလဲ ပေါင်းစည်းပါ၀င်လာပြီး ဝိညာဉ်အသိစီးကြောင်းများကို သွားရောက်ချိတ်ဆက်သည်။
ထိုမှတဆင့် သူ့အကြီးအမှူးဝိညာဉ်ထံ စီးဆင်းသွားကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora