609

602 65 0
                                    

Chapter 609: အခွင့်အရေး

မြင့်မြတ်ခြင်းကုန်းမြေမှ ထွက်ခွာလာချိန် ခနလေးအတွင်းပင် မျိုးနွယ်ခြားများဖြစ်သည့် တစ္ဆေအမှတ်အသားကလန်၊အမှောင်ဝိညာဉ်ကလန်နှင့် အလောင်းကောင်ကလန်တို့သည် အတော်လေးပင် နယ်ချဲ့ ခြေကုတ်ရယူထားကြပြီး ဖြစ်နေသည်။

အလင်းတော်ဂိုဏ်းအပါအ၀င် သက်တမ်းရင့် ကလန်ကြီး ခုနှစ်ခုစလုံး ပစ်မှတ်ထားခံခဲ့ရသည်။
မျိုးနွယ်ခြားတို့၏ နယ်ချဲ့မှုက ဒီတစ်ကြိမ် ပိုမိုပြင်းထန်ကြမ်းတမ်းလာခဲ့သည်။ အစစ်အမှန်နတ်ဘုရားအဆင့်နတ်ဘုရားများစွာ ပါ၀င်လာမှုကြောင့်
ယွန်ဟောင်နှင့် အဖြူရောင်နယ်မြေ ခေါင်းဆောင်တို့သည် အံတုခြင်းငှာ မစွမ်းသာသဖြင့် ပူးပေါင်းကာ တပ်ဆုတ်ခဲ့ကြရသည်။

မြင့်မြတ်ခြင်းကုန်းမြေတွင် သွေးစွန်းသည့် စစ်ပွဲများစွာ ပေါ်ပေါက်ခဲ့သည်။
အင်အားစုများစွာ တိုက်ခိုက်ခံခဲ့ရပြီး လူသားမျိုးနွယ် အဆင့်မြင့်သိုင်းသမား အမြောက်အများ ကျဆုံးခဲ့သည်။
အမှောင်ဝိညာဉ်ကလန်၊တစ္ဆေအမှတ်အသားကလန်နှင့် အလောင်းကောင်ကလန်တို့၏ အင်အားမှာ ခန့်မှန်းမရနိုင်အောင်ပင်အားကြီးလှသည်။လူသားမျိုးနွယ်စုများမှာ တစ်နေ့ပြီးတစ်နေ့ အင်အားယုတ်လျော့လာခြင်းကြောင့် ဘာဆက်လုပ်ရမှန်းမသိသောအခြေအနေသို့ ရောက်လာခဲ့သည်။

အမှောင်ဝိညာဉ်ကလန်၏ သေလွန်ဝိညာဉ်အလွှာကြီးသည် အချိန်မရွေး နေရာမရွေး ပေါ်ပေါက်လာတတ်ပြီး ရောက်ရာနေရာတွင် စခန်းချသည်။စခန်းချပြီးသည်နှင့် အမှောင်ဝိညာဉ်ကလန်သားများ ထွက်ပေါ်လာမြဲဖြစ်သည်။သက်တမ်းရင့်အဖွဲ့အစည်း ခုနှစ်ခုမှလူများအနေဖြင့် အဆက်မပြတ် ဆုံးရှုံးမှုများကိုသာ ရရှိခဲ့သည်။

တစ္ဆေအမှတ်အသားကလန်အဖွဲ့သားများမှာလဲ အချိန်တိုအတွင်း စွမ်းအင်ဖြည့်တင်းနိုင်ကြသည်။
တိုက်ပွဲတိုက်နေစဉ်အတွင်းပင် စွမ်းအင် လျော့ကျသွားတိုင်း တရိပ်ရိပ် ပြန်တက်နေရင်း တိုက်ပွဲပြီးဆုံးသွားလျှင်လဲ စွမ်းအင်စုပ်ယူမှုနှုန်းက အကန့်အသတ်မဲ့ပင်ဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora