691

554 74 0
                                    

Chapter 691: နတ်မိစ္ဆာရုပ်တုများ

ယင်စွမ်းအင်တစ္ဆေမီးလျှံသည် ဝိညာဉ်ပုံစံသက်ရှိများသို့မဟုတ် ဝိညာဉ်များသာ စုပ်ယူနိုင်သော ထူးဆန်းသည့် မီးလျှံဖြစ်သည်။
မြေအောက်ကမ္ဘာမှ ဝိညာဉ်များ တစ္ဆေကောင်များကို ထ်ိန်းချုပ်နိုင်စွမ်းရှိသည်။
၄င်းသည် အမှောင်ကမ္ဘာ၏ မဟာအကြီးအကဲနှင့် ပေါင်းစည်းထားသောကြောင့်လဲ အမှောင်ကမ္ဘာ၏ အလျှို့ဝှက်ဆုံးသော သိုင်းပညာ မှတ်ဥာဏ်များ ရှိနေမှာသေချာသည်။

မြေအောက်ကမ္ဘာမှ မဟာအကြီးအကဲဆိုသော ထိုသတ္တဝါသည် ယင်စွမ်းအင် တစ္ဆေမီးလျှံကို တစ်နည်းနည်းနှင့် လွှမ်းမိုးနိုင်ခဲ့ဟန်တူသည်။
သို့သော် သူ့ထံတွင် ခန္ဓာကိုယ်မရှိ။ယင်စွမ်းအင်မီးလျှံနှင့် အပြည့်အ၀ ပေါင်းစည်းနိုင်ရန် ကာလကြာမြင့်စွာ ကြိုးစားခြင်းကြောင့်ပင်။

ယခု သူက ခန္ဓာကိုယ်အသစ် လိုအပ်နေပြီဖြစ်သည်။
ခန္ဓာကိုယ်အစစ်အမှန်ကိုပိုင်ဆိုင်မှသာ သူပိုင်ဆိုင်သော သဘာ၀လွန်စွမ်းအင်များကို အမြင့်ဆုံး ထုတ်ဖော်အသုံးပြုနိုင်ပေလိမ့်မည်။

ကောင်းကင်မီးလျှံ၏ လောင်ကျွမ်းမှုကို လက်ခံနိုင်လောက်သော သွေးသားနှင့် ခန္ဓာကိုယ်ဖြစ်ဖို့လဲ လိုသေးသည်။
ကောင်းကင်မီးလျှံတစ်ခု ပိုင်ဆိုင်ထားသူသည် နောက်ထပ် ကောင်းကင်မီးလျှံများ ထပ်မံ ပိုင်ဆိုင်နိုင်ရေးကို မတွေးပဲ မနေနိုင်ပါ။

ကောင်းကင်မီးလျှံများသည် အချင်းချင်း ဝါးမျိုနိုင်သည်။
ကမ္ဘာဖျက်မိုးကြိုးမီးလျှံသည်လည်း ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံ၊အေးစိမ့်ရေခဲမီးလျှံနှင့် မြေကမ္ဘာမီးလျှံတို့ကို ဝါးမျိုရန် ကြိုးစားခဲ့သေးသည်မဟုတ်ပါလော။

အမှောင်ကလန်၏ ထိုသတ္တဝါသည်လည်း ရှီယန့်ထံတွင် ကောင်းကင်မီးလျှံပိုင်ဆိုင်ကြောင်း သိသွားမည်ဖြစ်သည်။
သူ၏ ယင်စွမ်းအင် တစ္ဆေမီးလျှံကြောင့်လဲ ရှီယန် စိတ်လှုပ်ရှားသည်။

သူ့ အသိစိတ်ပင်လယ်ထဲရှိ သုံးထပ်ပလ္လင်တွင် နောက်ထပ် ကောင်းကင်မီးလျှံတစ်မျိုးကို ထပ်မံ ထည့်သွင်းနိုင်ပါလျှင်….
ထိုအတွေးကို ရှီယန် မတွေးပဲ မနေနိုင်ပါ။
အေးစိမ့်ရေခဲမီးလျှံ။မြေကမ္ဘာမီးလျှံ၊ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံ၊အလောင်းကောင်စုန်းမီးလျှံတို့ အတွင်း ယင်စွမ်းအင် တစ္ဆေမီးလျှံကို ထပ်မံ အားဖြည့်နိုင်ခဲ့လျှင် သူ့ အသိစိတ်ပင်လယ်အတွင်းရှိ သုံးဆင့်ယဇ်ပလ္လင်၏ စွမ်းအင်က နောက်တစ်ဆင့်သို့ တိုးမြင့်သွားနိုင်ပေလိမ့်မည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang