692

552 74 0
                                    

Chapter 692: သွေးဆက်ခံခြင်း

မိစ္ဆာနတ်ဘုရားရုပ်တုများရှိ ဥာဏ်အလင်းများသည် မိစ္ဆာမျိုးနွယ်စု၏ အမွေအနှစ် ပညာရပ်များဖြစ်သည်။
လူသားမျိုးနွယ်၏ သိုင်းပညာရပ်များ သိုင်းဝိညာဉ်များနှင့် အလားသဏ္ဌာန်တူသည်။

သို့သော် လူသားသိုင်းသမားများက သိုင်းကျမ်းများ ပေစာ ပုရပိုဒ်များတွင် မှတ်တမ်းတင်ခဲ့ကြသည်။
ထိုမှ နောင်လာနောက်သားများက လေ့လာရသည်။
သို့သော် မိစ္ဆာကလန်ကတော့ ထို မိစ္ဆာနတ်ဘုရား ရုပ်တုများအတွင်းသို့ စွမ်းအင်ပို့လွှတ်ကာ မှတ်ဥာဏ်ကူးပြောင်းသော နည်းစနစ် သဘောမျိုးဖြင့် သင်ကြားခြင်းဖြစ်ဟန်ရ၏။

မိစ္ဆာနတ်ဘုရားရုပ်တု ခုနှစ်ခုသည် ရှေးဟောင်း ဥာဏ်အလင်းများကို သိုလှောင်သိမ်းဆည်းထားရာ မှတ်ဥာဏ်ဘဏ်ကြီးများလား သို့မဟုတ် ဒုတိယမြောက် မိစ္ဆာနယ်မြေတွင် စွမ်းအင်ကျင့်ကြံရန် နောက်မှ တည်ဆောက်ထားခြင်းလားတော့ သူလဲ သေချာမသိပါ။မိစ္ဆာကလန်လူများကတော့ စွမ်းအင်ကျင့်ကြံရန်အတွက် ဤနေရာကို အဓိကထားသည်ကတော့ သေချာသည်။
မိစ္ဆာကလန်၏ ထိပ်သီးသိုင်းပညာရှင်များကတော့ ဒီနေရာတွင် လာရောက် ကျင့်ကြံရင်း အသစ်အသစ်သော ဥာဏ်အလင်းများကို ရရှိကြသည်။ပွားများကြသည်။ပြန်လည်ဖြန့်ဝေပေးကြသည်။ဒါက သူတို့အတွက် အမွေဆက်ခံခြင်းဆိုင်ရာ နည်းစနစ်တစ်မျိုးနှင့်တူသည်။

မိစ္ဆာမျိုးနွယ်စုများ၏ ခေတ်အဆက်ဆက် ယဉ်ကျေးမှုများ၊သမိုင်းကြောင်းများနှင့် စွမ်းအင်များ ဥာဏ်အလင်းများကိုတော့ ဤ မိစ္ဆာနတ်ဘုရားရုပ်တု ခုနှစ်ခုမှ ဆက်ခံရသည်။
ထို့ကြောင့် ဒုတိယမြောက်မိစ္ဆာနယ်မြေတွင် ဤရုပ်တုခုနှစ်ခုသည် အထွတ်အမြတ်ကိုးကွယ်ရာဖြစ်၏.

ပိုရူ၊ ဂူတာ့စီနှင့် ကျန်မိစ္ဆာကလန်သားများသည် တိုက်ပွဲအပြီး နားလည်သဘောပေါက်မှုအသစ်များကို မိစ္ဆာရုပ်တုကြီး ခုနှစ်ခုနှင့် ချိတ်ဆက်ကာ ဥာဏ်အလင်းများ ရာဖွေနေကြခြင်းဖြစ်သည်။
သူတို့ ထိုးထွင်းသိမြင်ခဲ့သော ဥာဏ်အလင်းများနှင့် ကိုက်ညီသော နည်းစနစ်များကို မိစ္ဆာနတ်ဘုရားရုပ်တုကြီး ခုနှစ်ခုထံမှ ဆက်ခံရရှိကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ