718

521 75 0
                                    

Chapter 718: မင်းသမီး ကျိယောင်

အမျိုးသမီးက ညကောင်းကင်ယံ၌ တောက်ပနေသော ကြယ်ပွင့်လေးနှင့်တူသည်။ အမျိုးအမည်မသိရသည့် အရာများဖြင့် ပြုလုပ်ထားသော ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ တလက်လက် တောက်ပနေသည်။

အနက်ရောင် စကြ၀ဠာပြင်တွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်လေးများထဲမှာမှ သူမသည် အလွန်ကျက်သရေရှိသော ခရမ်းရောင်ကြယ်တစ်ပွင့်ပမာဖြစ်သည်။

သူမ၏ တောက်ပမှုက ရှုမငြီးဖွယ်ရာ…။

သူမပေါ်လာသည်နှင့် ပိယူတို့အဖွဲ့ သိုင်းသမားများ အားလုံး၏ မျက်နှာများတွင် ညို့ယူခံထားရသည့်အလား ထူးဆန်းသော အမူအရာများ ထွက်ပေါ်လာသည်။

သူမ၏ လှခြင်းမျိုးက စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။ သူမ၏ ခန္ဓာက်ိုယ်နှင့် အသွင်အပြင်က အလွန်ပြည့်စုံသောကြောင့် မည်သူကမျှ အားနည်းချက်သေးသေးလေးပင် ရှာဖွေလို့ရမည်မဟုတ်ချေ။ သူမက နတ်ဘုရားများ နာရီပေါင်းများစွာကြာရှည်စွာ ဖန်တီးထားသည့် အနုပညာလက်ရာ အစိတ်အပိုင်းတစ်ခုနှင့် တူသည်။ သူမ၏ အသွင်အပြင်လက္ခဏာတစ်ခုချင်းဆီက လူများအား သူမ၏ အလှအပအကြောင်းကို စိတ်ကူးယဉ်စေန်ိင်သည်။ မည်သူမျှ တွန်းလှန်နိင်ခြင်းမရှိ။
သူမ၏ အလှတရားတွင် အရူးအမူး နစ်မြောကြရသည်။

သူမတွင် ခရမ်းရောင် မျက်လုံးတစ်စုံရှိကာ မှော်ဆန်သော ခရမ်းရောင်အလင်းတန်းများနှင့် အမြဲတမ်းပြည့်နှက်နေသည်။ အလွန်တန်ဖိုးကြီးသော ခရမ်းစွဲရတနာနှစ်ပါးနှင့် တူ၏။ ထိုမျက်၀န်းအစုံမှာအလွန်နှစ်လိုဖွယ်ကောင်းကာ ပုရိသတို့၏ စိတ်နှင့် အကြည့်ကိုသူမ၏ ခန္ဓာကိုယ်မှ မခွာချင်အောင် ဆွဲဆောင်သည်။

ကမ္ဘာပေါ်မှ အလှအပ အားလုံးနီးပါးကို တွေ့မြင်ခဲ့ရသော ရှီယန်ပင် သူမကို ပထမဆုံးအကြိမ် စိုက်ကြည့်လိုက်သည့် အချိန်မှာပင် နစ်မြောသွားခဲ့သည်။ သူ၏ အကြည့်ကို သူမထံမှမရွေ့နိင်ပေ၊၊

သူက အံ့သြဖွယ် အိမ်မက်တစ်ခုအတွင်းဝင်ရောက်သွားကာ ဘယ်တော့မှ မနိုးထနိုင်တော့သလိုမျိုး အလွန်လှပသော သူမကိုသာ ငေးကြည့်နေမိတော့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ