765

569 74 0
                                    

Chapter 765: သန့်စင်ခြင်းကြယ်
ဤနေရာရှိ ကောင်းကင်သည် နေ၊ လ၊ ကြယ် မရှိဘဲ ပိတ်ပိန်းအောင် နက်မှောင်နေသည်။ ကောင်းကင်ထဲတွင် အလင်း အမျိုးအစား အားလုံး သိပ်သည်းစွာ တွန့်လိမ်နေသော်လည်း အတွင်းသို့ ဝင်ရောက်ရန်မူ တားဆီးခံထားရဟန် တူသည်။ အေးစက်မှုနှင့် သီးသန့်ဆန်သော အော်ရာတစ်ခုက နေရာအနှံ့ စိမ့်ဝင်ပျံ့နှံ့နေသည်။

သူတို့၏ အမြင်အာရုံထဲတွင် တောင်တန်းများက ကောင်ကင်သို့ ကြွတက်နေသည်။
သို့သော် ခြောက်ခြားဖွယ်ရာ ထုဆစ်ထားသော ပုံသဏ္ဌာန်များနှင့်သာ တူ၏။ သူတို့သည် ဂြိုလ်၏ အာရုံတက်ချိန်၌ မကောင်းဆိုးဝါးများလို ကြောက်မက်ဖွယ်ကောင်းကာ လူတွေ၏ ဝိညာဉ် လှုပ်ခါစေသည်။

မြေပြင်က သွေးနီများနှင့် ပြည့်နှက်နေသည်။ ကုန်းမြေတစ်ခုလုံးကို သွေးဆာနေသော အော်ရာတစ်ခုနှင့် သိပ်သည်းသော သွေးနံ့များ ကျူးကျော် ဝင်ရောက်နေသည်။

သင်္ဘောကုန်းပတ် အကြီးပေါ်တွင် ရပ်နေသော လီအိုနာသည် ဤ သန့်စင်ခြင်းကြယ်၏ မကျွတ်လွတ်သေးသော တစ္ဆေတစ်ကောင်လိုလို…
သူမက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဟန်ရသည်။

ရှီယန် သတိကြီးစွာဖြင့် ရှိနေသည်။ သူက သတိထားရင်း သူမနောက်က်ဆီသို့ လျှောက်သွားလိုက်ပြီး လေးစားမှု အပြည့်ဖြင့် ပြောလိုက်သည်။
“မင်္ဂလာပါ အစ်မ..”

လီအိုနာက နောက်မလှည့်ဘဲ
“မင်းရဲ့ အခြေအနေ ဘယ်လိုလဲ”

“ကျုပ် အပြည့်အဝ ပြန်လည်ကောင်းမွန် နေပါပြီ။ အစ်မတော်ရဲ့ ကျေးဇူးကြောင့် ထိခိုက်မှု မရှိပါဘူး”

လီအိုနာအနီးတွင် လူငယ် စစ်သည်တော် သုံးယောက် ရပ်နေသည်။ ထိုသုံးယောက် အနက် တစ်ယောက်က နတ်ဘုရင် ဒုတိယ အဆင့် ဖြစ်ပြီး ကျန်နှစ်ယောက်ကား နတ်ဘုရင် ပထမ အဆင့် ဖြစ်သည်။ သူတို့ အားလုံးသည် လီအိုနာ၏ ပြိုင်ဘက်ကင်း အမှတ်အသား ဖြစ်သည့် အနက်ရောင်နေ တံဆိပ်ပါသော ဝတ်စုံနက်ကို ဝတ်ဆင်ထားသည်။

နတ်ဘုရင် ဒုတိယ အဆင့် စစ်သည်တော်သည် အမှောင်မျိုးနွယ် အမျိုးသမီး အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ သူမ ရုပ်သွင်က သိပ်မထူးခြားသော်လည်း ခန္ဓာကိုယ်သည် လွန်စွာ ဆွဲဆောင်မှု ရှိသည်။ တစ်ချိန်တည်းမှာပင် သူမ၏ အရှိန်အဝါက အတော်လေး ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)حيث تعيش القصص. اكتشف الآن