703

555 74 0
                                    

Chapter 703: မူလ အဆီအနှစ် ဝါးမျိုခြင်း။
အမှောင်မျိုးနွယ် သတ္တဝါက ရှီယန်၏ တန်ပြန် တိုက်ခိုက်မှု အောက်တွင် ရုန်းကန်နေသည်။ ၎င်းက ရှောင်တိမ်းချင်သော်လည်း အခြား စွမ်းအင် ဉာဏ်အလင်းများကြောင့် အခက်တွေ့နေသည်။ရလဒ်အနေဖြင့် အချိန်မှီ မတုန့်ပြန်နိုင်တော့ပါ။
ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံ၊အေးစိမ့်ရေခဲမီးလျှံ၊မြေကမ္ဘာမီးလျှံနှင့် အလောင်းကောင် စုန်းမီးလျှံတို့သည် ယင်စွမ်းအင်တစ္ဆေမီးလျှံ၏ အပြာရောင်မီးတောက်မီးလျှံများကို အဆက်မပြတ်လောင်ကျွမ်းပစ်နေကြသည်။
ထို့ကြောင့် ကောင်းကင်မီးလျှံများကို ရင်ဆိုင်ရန်အတွက် ယင်စွမ်းအင်တစ္ဆေမီးလျှံကို အသုံးပြုနေရလေရာ ရှီယန့်ကို တိုက်ခိုက်ရန်အတွက် မိမိ၏ ဝိညာဉ်စွမ်းအင်ကိုသာ ထုတ်ယူသုံးစွဲနေရတော့သည်။
“ဟင်းလင်းပြင် ပိုင်းဖြတ်ခြင်း…”
ရှီိယန်က မာန်အပြည့်နှင့် အော်ဟစ်လိုက်သည်။ ဟင်းလင်းပြင် စွမ်းအားက ဝုန်းကနဲထိုးတက်လာသည်။ ယစ်ပလ္လင် အတွင်းမှ ဟင်းလင်းပြင်စွမ်းအင်များက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သည်။
ဟင်လင်းပြင် အသိက သူ့ ကီစွမ်းအင်ကို ထိန်းချုပ်သည်။ ၎င်းက လေဟာနယ် အသိနှင့် အံ့သြဖွယ် ကောင်းလောက်အောင် ပေါင်းစည်းနေသည်။ အမှောင်မျိုးနွယ် သတ္တဝါ၏ ဝိညာဉ် ပလ္လင် အထက်တွင် ဟင်းလင်းပြင် ဓားသွားတစ်စင်း ပေါ်ထွက်လာသည်။
ရွှပ်
လေဟာနယ် ဓါးသွားက အောက်သို့ ကျဆင်းလာပြီး ယစ်ပလ္လင်ကို နှစ်ခြမ်း ပိုင်းဖြတ်သည်။ ၎င်းက အမှောင်မျိုးနွယ် သတ္တဝါ၏ ဝိညာဉ်ကိုလည်း ထက်ခြမ်း ခြမ်းသွားစေသည်။
သူ့ဝိညာဉ်ကိုသူ အစွမ်းကုန် စုစည်းရန် ကြိုးစားသည်။ သူ့ခွန်အား အကုန်ထုတ်ကာ ယစ်ပလ္လင်ကို ပြန်လည် ကုသသည်။ သို့သော်လည်း ဝိညာဉ် စုဆောင်းခြင်း ပုလဲက ရှေ့သို့ ကျဆင်းလာပြီး ဝါးမျိုရန် ကြိုးစားလေတော့သည်။
ကံမကောင်းစွာဖြင့် ဝိညာဉ် စုဆောင်းခြင်း ပုလဲက အမှောင်မျိုး သတ္တဝါ၏ ဝိညာဉ် အပေါ်တွင် မည်သည့် သက်ရောက်မှုမျှ မပြပေ။ ၎င်းက နတ်ဘုရား ဝိညာဉ်ကို ဝါးမျိုနိုင်ခြင်း မရှိချေ။
ရှီယန် မသိသော အချက်က ဝိညာဉ် စုဆောင်းခြင်း ပုလဲသည် အဆင့်ကိုး သားရဲ အမြုတေ ဖြစ်သည်။ ၎င်းက အဆင့်တူ နယ်ပယ် အတွင်းရှိ သတ္တဝါများ၏ ဝိညာဉ်ကို ဝါးမျိုနိုင်သည်။ သို့သော်အမှောင်မျိုးနွယ် သတ္တဝါ၏ ဝိညာဉ်ကို ဝါးမျိုနိုင်ခြင်း မရှိပေ။
ထိုအဆင့်အလွန်တွင် ဝိညာဉ် စုဆောင်းခြင်း ပုလဲက မည်သို့မျှ အလုပ် မလုပ်တော့ပေ။
သတ္တဝါ၏ ဝိညာဉ်က နတ်ဘုရင်အဆင့် ရောက်ရှိနေဟန် ရသည်။ ထို့ကြောင့် အဆင့် (၁၀) သားရဲ ဝိညာဉ်နှင့် အဆင့်တူပြီး ဝိညာဉ် စုဆောင်းခြင်း ပုလဲက ဖမ်းယူနိုင်ခြင်း မရှိတော့ပေ။
ရှီယန်သည် ပုလဲ အလုပ် မလုပ်မှန်း တွေ့သည့်တိုင် အလျင်မလိုသေးပါ။ သူက ဟင်လင်းပြင် ဓားသွားကြီး တစ်ခုကို ဖန်းတီးလိုက်သည်။ထို့နောက် ဝိညာဉ်ပြန်လည်စုစည်းရန် ကြိုးစားနေသည့် သတ္တဝါကို ထပ်ခါ ထပ်ခါ ခုတ်တော့သည်။
ထိုအချိန် အတွင်း၌ သူ့မျက်ခုံး နှစ်ခုကြားမှ ပြင်းထန်သော လှိုင်းတစ်ခု စီးဆင်းလာသည်။
သူ့နဖူးရှိ မိစ္ဆာအမှတ်အသား မှ ထူးဆန်းသော စွမ်းအင်တစ်ခုကို ထုတ်လွှတ်သည်။
ထို့နောက်တွင်တော့ အလင်းရောင်များ ဖြာထွက်လာကာ သူ့သေခြင်းမဲ့ မိစ္ဆာသွေးနှင့် နတ်ဆိ်ုးငါးဖော်၏ မိစ္ဆာယစ်ပလ္လင် ထွက်ပေါ်လာသည်။
ဘုန်း…
ရှီယန်၏ အသိစိတ် ပင်လယ်က အပြင်းအထန်း တုန်ခါသွားသည်။ ထို့အချိန်တွင် သူ့အသိစိတ်က မှုန်ဝါးဝါး ဖြစ်သွားသည်။ သူ့အသိစိတ် ပင်လယ်အတွင်းမှ မိစ္ဆာယဇ်ပလ္လင် ထွက်လာပြီးနောက် သူ့အရှေ့တွင် ရပ်တည်နေသည်။
သူ အံ့သြသွားသည်။ ယစ်ပလ္လင်အတွင်းမှ ကြောက်မက်ဖွယ် အရာတစ်ခု ဖြစ်ပျက်နေသည်ကို သူ သတိ ပြုမိသည်။ ၎င်းက အပြင်းအထန် တုန်ခါနေပြီ တစ်စုံတစ်ခု ဖန်းတီးနေသည်။
၎င်းက အလွန်အမင်း ခြိမ်းခြောက်နိုင်စွမ်း ရှိသော စွမ်းအင်ဥာဏ်အလင်း တစ်ခု ဖြစ်ဟန် ရသည်။
နဖူးပေါ်မှ အမှတ်အသား ပျောက်ကွယ် သွားပြီးနောက် ယစ်ပလ္လင်ပေါ်တွင် ပြန်ပေါ်လာကာ ဆက်လက် ပြောင်းလဲမှု ဖြစ်ပွားနေသည်။ သည်ယစ်ပလ္လင်၏ အုတ်မြစ်သည် နတ်ဆ်ိုး ငါးဖော်က မိစ္ဆာ နတ်ဘုရား ရုပ်တု (၇) ခုမှ စွမ်းအင်ကို စုပ်ယူကာ တည်ဆောက်ထားခြင်း ဖြစ်သည်။
မျက်တောင် တစ်ခတ်အတွင်း၌ပင် ရှီယန်နှင့် နတ်ဆိုးငါးဖော်တို့ အဆက်အသွယ် ပြတ်တောက်သွားသည်။ နတ်ဆိုး ငါးဖော်က ချေဖျက်ခံလိုက်ဟန် ရပြီး အမှတ်အသား အတွင်းသို့ ပျော်၀င်သွားသည်။ သည်အမှတ်အသားက ကြောက်မက်ဖွယ် ပြောင်းလဲမှု တစ်ခု ရှိနေသည်။ ထို့နောက်တွင်တော့ အပြင်းအထန် လည်ပတ်နေကာ အလွန်အမင်း ဖျက်စီးနိုင်စွမ်း ရှိသော မိစ္ဆာ အော်ရာတစ်ခု ပျော်ဝင်နေသော တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။
ဝှစ်…
ဝိညာဉ် ခေါ် ပုလဲက တွင်းနက်ကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
တွင်းနက်ကြီးထဲတွင် ထူးခြားသော စွမ်းအင် တစ်ခု လှည့်ပတ် သွားနေသည်။ ၎င်းက သူကိုပင် ကြောက်လန့်ကြောက်ရွံ့စေပြီး မြင်ရသောပြောင်းလဲမှုများက သူ့စိတ်ကို မသက်မသာခံစားရစေသည်။
သူက တွင်းနက်ကြီးနှင့် ဆက်သွယ်မှုတစ်ချို့ ရှိနေသည်ကို ဝိုးတဝါးခံစားလာရသည်။ထို့ကြောင့် နတ်ဘုရား ဝိညာဉ်ကို အသုံးပြုကာ ၎င်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားကြည့်သည်။ သို့သော်လည်း သူ မည်မျှပင် ကြိုးစားနေပါစေ၊ အလုပ်မဖြစ်။
အချိန်တိုလေး အတွင်း၌ပင် ဝိညာဉ် စုဆောင်းခြင်း ပုလဲက ချေဖျက်ခံလိုက်ရသည်။ သားရဲ အမြုတေသည် အလင်းတန်း များစွာ ထွက်ပေါ်လာပြီး တွင်းနက်ကြီး အတွင်း၌ ပျောက်ကွယ် သွားသည်။
တွင်းနက်ကြီးက လှည့်ပတ်နေပြီး မိစ္ဆာဆန်ဆန် ထူးဆန်းသော အားတစ်ခု ထုတ်လွှတ်သည်။
၄င်းက စွမ်းအင်မုန်တိုင်းများအပေါ်တွင်ပင် သက်ရောက်ဟန်ရသည်။
မရေမတွက် နိုင်သော ယင်ဝိညာဉ်နှင့် တစ္ဆေကောင်များကို တွင်းနက်ကြီးက စုပ်ယူသည်။
အမှောင်ကလန် သတ္တဝါ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော ယဇ်ပလ္လင်သည်ပင် သက်ရောက်ခြင်းခံလာရသည်။၄င်းက မည်မျှပင် ခက်ခက်ခဲခဲ ကျားကန်ထားသော်လည်း စုပ်ယူအားကို မခုခံနိုင်ဘဲ တွင်းနက်ကြီး အတွင်းသို့ ကျဆင်းသွားသည်။
အသက်ရှိုက်စာ အတော်များများ ကြားပြီးနောက် ယင်ဝိညာဉ်နှင့် တစ္ဆေကောင်များ အပါအဝင် အမှောင်ကလန် သတ္တဝါနှင့် ဝိညာဉ်သည် တွင်းနက်ကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ဘာမျှ မကျန်ခဲ့တော့။
ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံ၊မြေကမ္ဘာမီးလျှံ၊အေးစိမ့်ရေခဲမီးလျှံနှင့် အလောင်းကောင်စုန်းမီးလျှံတို့ တင်းကြပ်စွာ ရစ်ပတ်ချုပ်နှောင်ထားခဲ့သော အပြာရောင်မီးတောက်လေးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
အမှောင်ကလန် သတ္တဝါက ရှီယန်၏ ကောင်းကင် မီးလျှံကို သိမ်းပိုက်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သို့သော် အဆုံးသတ်တွင် နတ်ဆိုးငါးဖော်နှင့် ဝိညာဉ် စုပ်ပုလဲတို့ ပေါင်းစပ်ပျော်၀င်နေသော တွင်းနက်ကြီး၏ စုပ်ယြူုခင်းကို ခံလိုက်ရသည်။ သည်တွင်းနက်ကြီးကို အမှတ်အသားမှ စွမ်းအားဖြင့် ဖန်းတီးထားခြင်း ဖြစ်သည်။
ရှီယန် မှင်သက်နေသည်။
ဘာတွေ ဖြစ်ပျက်သွားမှန်း သူ သေချာမသိလိုက်ပေ။ ရန်သူက လုံးဝ ပျောက်ကွယ်သွားမှန်းသာ သူ သိလေသည်။
ရှီယန်သည် တွင်းနက်ကြီးကို ကြည့်ကာ ဆွံ့အ သွားသည်။ စုပ်ဝဲအတွင်း၌ အရာများစွာ ပျော်ဝင်နေပြီး စွမ်းအင် အချို့ကို ပြန်လည် သန့်စင်နေသည်။
တွင်းနက်ကြီးထဲရှိ စွမ်းအားက အမှောင်ကလန် သတ္တဝါကို သန့်စင်ရာမှ ဖြစ်ပေါ်လာမှန်း ရှီယန် သိလိုက်သည်။
ထို့နောက်တွင်တော့ သူ့အရှေ့မှ တွင်းနက်ကြီး ပျောက်ကွယ်သွားပြီး သူ့ အသိစိတ် ပင်လယ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာသည်။
တွင်းနက်ထဲမှ မှော်ဆန်းသော စွမ်းအားတစ်ခုက တဖြည်းဖြည်း စတင် ထွက်ပေါ်လာသည်။ ရှီယန်က နတ်ဘုရား စိတ်အာရုံကို အသုံးပြုကာ အာရုံခံလိုက်သည်။
ယင်းဉာဏ်အလင်း စွမ်းအားကို‘မူလ အဆီနှစ် ဝါးမျိုခြင်း’ ဟု ခေါ်သည်။ ၎င်းတွင် စွမ်းအင် အမျိုးအစား အားလုံး ပါဝင်သည်။ ၎င်းက မိစ္ဆာဆန်သည်။ အရက်စက်ဆုံးသော စွမ်းအင်ဥာဏ်အလင်းတစ်မျိုးလည်းဖြစ်သည်။၄င်း၏ သဘာ၀က ဖျက်ဆီးခြင်း၊ မိစ္ဆာဆန်ခြင်းနှင့် မျှခြေများကို ချိုးဖျက်ခြင်းပင်ဖြစ်၏။
သည်ဉာဏ်အလင်း စွမ်းအားက တွင်းနက်ကြီး၏ သဘာဝ ဖြစ်သည်။ နတ်ဆိုးငါးဖော်၊ ဝိညာဉ်စုဆောင်းခြင်း ပုလဲနှင့် သူ့နဖူးပေါ်ရှိ အမှတ်အသားတို့ ပေါင်းစပ်ပြီး တွင်းနက်၏ အမြူတေ ဖြစ်ပေါ်လာသည်။ ၎င်းက ရှီယန်၏ ဝိညာဉ်နှင့် တိုက်ရိုက် ချိတ်ဆက်သည်။
ရှီယန်က စိတ်တည်ငြိမ်အောင်ထားကာ ဉာဏ်အလင်း စွမ်းအား၏ အဆီနှစ်ကို လေ့လာရန် ကြိုးစားသည်။ ရှီယန်က သူ့ဝိညာဉ်ကို တွင်းနက်ဆီသို့ ပို့လွှတ်ကာ မရေမတွက် နိုင်သော ပျော်ဝင်နေသည့် အရာများကို လေ့လာနေသည်။ သူသည် စကြာဝဋ္ဌာ အတွင်းရှိ မိစ္ဆာစွမ်းအားများကို တွေ့ရှိခဲ့သည်။
စွမ်းအင် အသစ်အတွက် ဥာဏ်အလင်းများ ရဖို့ လုံလောက်အောင်ပင် ရှီယန်၏ စိတ်နှင့် နတ်ဘုရားဝိညာဉ်က ရှင်းလင်းနေခဲ့သည်။သူက ၎င်း၏ အနှစ်သာရကို ကောင်းမွန်စွာ ဆုပ်ကိုင်နိုင်ပြီ ဖြစ်သည်။
၎င်း၏ သခင် သေဆုံးသွားပြီးနောက် ယင်စွမ်းအင် တစ္ဆေ မီးလျှံက တည်ငြိမ်သွားသည်။ မည်သည့် တုံ့ပြန်မှုမှ မရှိတော့ပေ။
ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံ၊အေးစိမ့်ရေခဲမီးလျှံ၊မြေကမ္ဘာမီးလျှံနှင့် အလောင်းကောင်စုန်းမီးလျှံတတို့သည် ဝိညာဉ်ဖြာထွက်မှုများ ပြုလုပ်ကာ ယင်စွမ်းအင်တစ္ဆေမီးလျှံနှင့် ဆက်သွယ်နေကြသည်။
အပြာရောင် မီးလျှံက မည်သည့် စွမ်းအင်မျှ ထုတ်ဖော်ခြင်း မရှိတော့ပေ။ ၎င်းက အခြား မီးလျှံများ၏ စကားကို နာခံဟန် ရသည်။
အတန်ကြာပြီးနောက် ယင်စွမ်းအင်တစ္ဆေမီးလျှံက သဘောပေါက်နားလည်သွားဟန်ရသည်။
၄င်းက မူလမီးလျှံငယ်ပုံစံပြောင်းလိုက်ပြီးနောက် ကျန်မီးလျှံများနှင့်အတူ ရှီယန့် မျက်လုံးကိုဖြတ်ကာ ဦးခေါင်းထဲသို့ ၀င်ရောက်သွားခဲ့သည်။
ယင်ဝိညာဉ် တစ္ဆေ မီးလျှံသည် ကောင်းကင် မီးလျှံ ပလ္လင်ပေါ်တွင် အခြား ကောင်းကင် မီးလျှံ လေးခုနှင့်အတူတူ နေထိုင်သည်။ ၎င်းက တည်ငြိမ်နေပြီး ကောင်းကင် မီးလျှံ ပလ္လင်နှင့် ပျော်ဝင်ပေါင်းစည်းလိုက်သည်။ ထို့နောက် အခြေတကျဖြစ်ကာ ကောင်းကင် မီးလျှံ အသစ် ဖြစ်လာသည်။
ယင်စွမ်းအင် တစ္ဆေ မီးလျှံက အသစ် ဖြစ်လာသော အခြေအနေကို ကြိုက်နှစ်သက်ဟန် ရသည်။
ယင်စွမ်းအင် တစ္ဆေမီးလျှံသည် အမှောင်ကလန် သတ္တဝါ၏ အတင်းအကျပ် ဖိအားပေး ပေါင်းစည်းခြင်းကို ခံခဲရသည်။ မီးလျှံက အခြား တစ်ယောက်၏ ထိန်းချုပ်မှု အောက်တွင် နေထိုင်ခဲ့ရသည်။
သည်အရာကား တရားမျှတမှု မရှိပေ။ မီးလျှံ၏ စိတ်၊ စွမ်းအားနှင့် ဝိညာဉ်ကို သိမ်းပိုက်ထားရာ ခုခံခြင်း သို့မဟုတ် ပုန်ကန်ခြင်း မပြုနိုင်ပေ။
အမှောင်ကလန် သတ္တဝါက အခြားသူများနှင့် တိုက်ခိုက်ရာတွင် မီးလျှံ၏ စွမ်းအားကို အရင် အသုံးပြုသည်။ မီးလျှံသည် သခင်၏ အလိုကျ ကျွန်ပြုခံနေရသည်။
အမှန်တော့ မီးလျှံက ထိုသို့ အခြေအနေမျိုးကို နှစ်သက်ခြင်း မရှိပါ။သူသည် ထွက်ပြေးရန် စီစဉ်ခဲ့သည်။ သို့သော်လည်း တစ်ကြိမ် ပေါင်းစပ်ပြီးနောက် မီးလျှံ၏ ဝိညာဉ်နှင့် အသိစိတ်ကို ချုပ်နှောင်ထားခဲ့သည်။ အကြိမ်ပေါင်းများစွာ ကြံစည်အားထုတ်ပြီးနောက်  ဆိုးဝါးစွာ ထိခိုက်သွားပြီး ပြန်လည် ထုထောင်နိုင်စွမ်း မရှိတော့ချေ။
သည်အခိုက်အတန့်တွင် ကမ်းလှမ်းမှုက လုံးဝ ကွဲပြားသည်။ ရှီယန်၏ ဝိညာဉ် အတွင်း၌ နေထိုင်ခြင်းက ရှီယန်နှင့် တန်းတူညီမျှပင်ဖြစ်သည်။ ရှီယန်၏ သွေး၊ ဝိညာဉ် စွမ်းအင်နှင့် ဝိညာဉ် အသိတို့က သူ့အတွက် အဟာရ ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် တဖြည်းဖြည်း တိုးတက် ဖွံ့ဖြိုးလာနိုင်ပေသည်။
သတ္တဝါက အန္တရာယ်နှင့် တွေ့တိုင်း မီးလျှံ စွမ်းအားကို အသုံးပြုသည်။ ရှီယန်က အလိုအပ်ဆုံး အချိန် ရောက်မှသာ မီးလျှံ စွမ်းအားကို အသုံးပြုပေလိမ့်မည်။
သည်အရာကနှစ်ဖက်စလုံး အကျိုးရှိသည်။ ပြီးတော့၎င်းက အစောပိုင်း အချိန်များကဲ့သို့ အထီးကျန် ဆန်ခြင်း မရှိပေ။
အခြား ကောင်းကင် မီးလျှံ လေးခု၏ ဆွဲဆောင်မှု အောက်တွင် ယင်ဝိညာဉ် တစ္ဆေ မီးလျှံက အိမ်အသစ်ဖြစ်သော ကောင်းကင် မီးလျှံ ပလ္လင်နှင့် ပေါင်းစပ်သည်။ မီးလျှံက ကျေနပ်မှုနှင့် လုံခြုံမှုကို ခံစားရသည်။
ကောင်းကင် မီးလျှံများက သူ့အတွက် ဆွဲဆောင်ပေးခဲ့လေရာ ရှီယန် အံ့သြနေသည်။ သူက မီးလျှံ အသစ်ကို ဖြာယောင် သွေးဆောင်ရန်ပင် မလိုအပ်တော့ပေ။ အရာရာတိုင်းက အဆင်ပြေ ချောမွေသွားသည်။ ယင်ဝိညာဉ် တစ္ဆေ မီးလျှံက ကောင်းကင် မီးလျှံ ယစ်ပလ္လင်တွင် စွမ်းအား အသစ် တစ်ခု ဖြစ်လာသည်။
ဒီရလဒ်ကိုသူ ကျေနပ်နေမိသည်။ ကောင်းကင် မီးလျှံ လေးခုက သူ့အတွက် တွေးတောပေးခဲ့သည်။ ကောင်းကင်မီးလျှံ လေးခုက သူတို့အပေါ် ကြင်နာမှုအတွက် သူ့ကို ကူညီပေးခဲ့သည်။
ကောင်းကင် မီးလျှံများက တည်ငြိမ်နေသည်။ သို့သော်လည်း သူတို့၏ ယစ်ပလ္လင်က ကျယ်သွားသည်။ အတွင်းပိုင်တွင် စွမ်းအင်များ ရွှေ့လျား လှုပ်ရှားနေလေရာ သူ့အတွက် အကျိူးကျေးဇူး အများကြီး ဖြစ်စေခဲ့သည်။ သူ့နတ်ဘုရား ဝိညာဉ်က နူးညံ့သိမ်မွေ့သွားဟန် ရကာ သိပ်သည်း ကြည်လင်လာပြီး စွမ်းအင် အသစ်တစ်ခု ဖြစ်လာသည်။
သို့သော်လည်း ကောင်းကင် မီးလျှံ ပလ္လင်ဘေးရှိ တွင်းနက်ကြီးက သန့်စင်နေဆဲ ဖြစ်သည်။ မရေမတွက်နိုင်သော ဝဲသြဃ များက မူလ အဆီနှစ် ဝါးမျိုခြင်း၏ ဆန်းကြယ်မှုကို အရူးအမူး ထုတ်ဖော်နေသည်။ သည်အရာကား သူအား ကြောက်ရွံ့မှုနှင့် ပျော်ရွှင်မှု နှစ်ခုလုံးကို ဖြစ်ပေါ်စေသည်။
တဖြည်းဖြည်းနှင့် တွင်းနက်ကြီး၏ ဗဟိုမှ မှော်ဆန်သော စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့သွားသည်။ ထိုစွမ်းအင်လှိုင်းက တွင်းနက်ကြီး၏ အရှိန်အဟုန်အတိုင်း လှည့်ပတ်ကာ ရှီယန်၏ အသိစိတ် ပင်လယ်၊ ကောင်းကင် မီးလျှံ ပလ္လင်နှင့် ဥာဏ်အလင်းပလ္လင် တို့ကို လွှမ်းခြုံသွားသည်။
သူ့အသိစိတ် ပင်လယ်က ဆက်လက် ကျယ်ပြန့်လာသည်။ တလ်ိမ့်လ်ိမ့် တက်လာသော ဝိညာဉ် အသိ စီးဆင်းမှု အောက်တွင် ပို၍ သန့်စင်လာပြီး အသိစိတ် ပင်လယ်က တိုးတက်လာသည်။ ယခုအချိန်တွင် ရှီယန်က ပိုမိုများပြားသော ဝိညာဉ်အသိများကို အသုံးပြုနိုင်ပြီဖြစ်သည်။
စွမ်းအင် ထောက်ပံမှုဖြင့် ကောင်းကင် မီးလျှံ ငါးခု ကခုန်နေသည်။ သူတို့ တစ်ယောက်ချင်း စီက ကျေနပ်ကာ ဝမ်းသာ ပိတီ ဖြစ်နေသည်။
ရှီယန်က အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရန် စွမ်းအင် အသိသုံးမျိုးကို အသုံးပြုခဲ့သည်။
ကြယ်တာရာစွမ်းအင်၊သေခြင်းရှင်ခြင်းနိမိတ်တော်နှင့် ဟင်းလင်းပြင်စွမ်းအင်တို့ဖြစ်သည်။
ယခု သူက ထိုအသိစိတ်နယ်ပယ်များအပေါ်တွင် နားလည်သဘောပေါက်နိုင်စွမ်း နောက်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
----- ----- ----- ----- ----- ----- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now