605

660 64 0
                                    

Chapter 605: မြေအောက်နတ်ဘုရား ယဇ်ပလ္လင်

အမှောင်ဘုရင် ဟေဒီးသည် အလျှင်မလိုခဲ့ပါ။
သူက အမှောင်ကလန်သားအုပ်စုကို ဦးဆောင်ကာ အမှောင်ကီ တိမ်ထုကြီးထဲတွင် ပျောက်ကွယ်သွားသည်။
သူတို့က အမှောင်ပင်လယ်၏ အမှောင်ကီများကို ညိမ့်ညောင်းစွာ ခံစားရင်း ပြိုင်ဘက်များ အားနည်းလာချိန်အထိ စောင့်ဆိုင်းနေရုံသာဖြစ်သည်။

သက်ရှိတစ်စုံတစ်ရာတွင် ဝိညာဉ်ရှိနေသ၍ အမှောင်ပင်လယ်ရေက တိုက်စားမည်သာဖြစ်သည်။
ဒါက ရေရှည် ခုခံကာကွယ်နိုင်သော အရာမဟုတ်ချေ။

ချောင်ချူထောင်တို့ မိုးအရှင်မ ဖန်ရှင်းယွန်တို့လို လူသားသိုင်းသမားများအနေဖြင့် အမှောင်ပင်လယ်လှိုင်းလုံးများမှ ကာကွယ်ရန် ကီစွမ်းအင်အလွှာများကို သုံးစွဲနေရသည်။

ချောင်ချူထောင်နှင့် ဖန်ရှင်းယွန်တို့သည် စိတ်ဝိညာဉ်အဆင့်များဖြစ်သောကြောင့် ဝိညာဉ်တိုက်စားမှု လှိုင်းလုံးများကို ခုခံရန် သိပ်မခက်ခဲသော်လည်း ချောင်ကျီလန်းနှင့် မန်ဂူကတော့ ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
စိတ်ဝိညာဉ်တိုက်စားသော အမှောင်ပင်လယ်လှိုင်းလုံးကြီးများအကြား သူတို့ဝိညာဉ်များက အဆုံးမဲ့အမှောင်ထုကြီးထဲ ကျရောက်နေပြီး အသိစိတ်များ တဖြည်းဖြည်း ေ၀၀ါးလာကြသည်။

တောင်တန်းအလောင်းနှင့် ပင်လယ်အလောင်းသည်လည်း အလောင်းကောင်ကလန်မှ ထူးခြားသော သက်ရှိများဖြစ်သည့်တိုင် အမှောင်ပင်လယ်လှိုင်းလုံးများက သူတို့အပေါ်လဲ သက်ရောက်စေသည်။

တစ်ခုကောင်းတာက သူတို့နှစ်ယောက်စလုံးပင် အလွန် သန်စွမ်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် ပိုင်ဆိုင်ထားသည့်အပြင် ဓါတ်ကြီးငါးပါးကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်သောကြောင့် မြေနံရံများ လေနံရံများ ထူထပ်စွာ ၀န်းရံထားစေသောကြောင့် ပင်လယ်လှိုင်းလုံးများက သူတို့ကို မထိတွေ့နိုင်ပါ။

ရှီယန်ကတော့ အမှောင်ပင်လယ်ကြီး ဖုံးလွှမ်းသွားချိန် ရွှေရောင်လူသားအဖြစ်ပြောင်းလဲသွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Место, где живут истории. Откройте их для себя